Episode 9

9.9K 424 51
                                    


Drသက်တင် ဒီနေ့သိပ်ကိုအလုပ်ရှုပ်နေတယ်
နာရီပေါင်းများစွာ မနားမနေခွဲစိတ်ခန်းဝင်
ထားရတော့ ပင်ပန်းနေပြီ ဖုန်းလည်းမကိုင်
အားတာမို့ ဒီချိန်လောက်ဆို ရွေး တော့သူ့ကို
ပစ်ထားပြန်ပြီဆိုပြီး ဂျီကျတော့မယ်

" ရွေး ကိုယ်အခုမှအားလို့ မင်းကိုဖုန်းခေါ်
တာ စိတ်ဆိုးနေပြီလား "

^စိတ်ဆိုးပါဘူး အခုကျနော်ဘယ်ရောက်
နေလဲသိလား^

" ညဘက်ဘယ်မှသွားခွင့်မပေးထားဘူးနော်
ဘေဘီ "

^သွားခွင့်မပေးထားတဲ့နေရာထဲမှာ ခင်ဗျားအိမ်တော့မပါဘူးမလား^

" ကိုယ့်အိမ်မှာ "

^မြန်မြန်ပြန်လာနော် ဟင်းတွေကျက်နေပြီ^

ပြောချင်ရာပြောပြီး ဖုန်း ချသွားတဲ့ကောင်
လေးရဲ့အပြုမူတွေက ရိုင်းတယ်ဆိုပေမဲ့
အခုထိတော့မပြုပြင်မိသေး စည်းကမ်းနဲ့ပတ်သက်ရင် သေးသေးလေးမှ အလွဲမခံတဲ့
သက်တင်လိုလူမျိုးက ဒီဟာလေးအပေါ်
တော့ တော်တော်လျော့ပေးထားမိတယ်

အစကတော့ဆေးရုံမှာပဲအိပ်ဖို့ပြင်ထားပေ
မဲ့ ရွေး အိမ်ရောက်နေတယ်လည်းဆိုရော
ပင်ပန်းတာမှန်သမျှပျောက်သွားရပြီး အိမ်ကို
အပြေးပြန်လာမိတော့တယ် အချစ်စွမ်းအား
ကသိပ်ကိုကြီးတယ်လေ......

အပြန်လမ်းမှာ ကားလမ်းကပိတ်တာမို့စိတ်ကို
မနည်းဆွဲဆန့်နေရတယ် ရွေး ကလည်းအကြိမ်ကြိမ်ဖုန်းခေါ်ပြီး အသည်းသန်ပြန်
လာခိုင်းနေတာလေ အရာရာကိုအေးဆေးတည်ငြိမ်မှုရှေ့ထားလုပ်တတ်တဲ့ ဆရာဝန်
ကြီးခမျာ ဒီတစ်ခါကျမှအလောတကြီးဖြစ်
လို့ လေပူတွေအကြိမ်ကြိမ်

တီ တီ!

" ဆရာပြန်လာပြီ သခင်လေး "

" နေဦးနော် ကျနော့်ချစ်သူရဲ့အိတ်တွေကိုယ့်ဘာသာသယ်ပေးမှာ ဦးလေးမကြိုနဲ့ဦး!!"

ခလွမ်း!

ဂွမ်း!!

မီးဖိုချောင်ခန်းထဲကနေ သံစုံတီဝိုင်းသံ
တွေအဆုံး ရွေး တစ်ယောက် apronဝတ်
ပြီး ယောင်းမတစ်ချောင်းကိုင်ကာရယ် ပြေးကာထွက်လာတယ်

မလွန်ဆန်ဝံ့သူWhere stories live. Discover now