Episode 38

7.2K 372 185
                                    


နှစ်ရက်တောင်မပြည့်သေးပေမဲ့ တစ်သက်လောက်ကြာနေသလိုကို ကြာရှည်လို့နေတယ်
ခေါင်းကလည်းမူးနေသလို မျက်နှာတစ်ခုလုံးလည်း နှိပ်စက်ခံထားရလို့ ယောင်ကိုင်းနေပြီ

နဘေးကလူတွေ အဆိုအရ အရူးလိုလူကြီးက
ဦးမုန်တိုင်း လို့သိရပြီး ဆိုးရွားတဲ့ ဂိုဏ်းကြီးကိုအုပ်စိုးနေသူလို့သိရတယ် စိတ်မူမမှန်တာကတော့ပြောနေစရာမလိုပင်

" သမီးအိပ်ပါ မငိုပါနဲ့ ကျွတ် ကျွတ်!
သမီးဖေဖေကြီးသာဆို ချက်ချင်းသက်သာ
အောင် ကုပေးနိုင်မှာ ဖေဖေကတော့ ဟူး "

ကိုယ့်နာကျင်မှုကိုတင်းခံရင်း ရှိုက်ငင် ငိုနေ
တဲ့သမီးကို ပေါင်ပေါ်တင်ပြီး ချော့နေရတယ်
ဒီကလေးလည်း ကိုယ်နဲ့တွေ့မှဒုက္ခရောက်
ရပြီ တော်ဝင်သွေးမိသားစုကို ဘယ်လိုမျက်နှာပြရတော့မလဲ

တစ်ချိန်လုံးစူးစမ်းနေပေမဲ့ အခုထိဘယ်ရောက်နေမှန်းမသိသေး အဆောက်ဦးကအိုဟောင်းနေပြီး နေရာအနှံ့ဝါးစည်းတွေတော့
တွေ့ရတယ် ကြည့်ရတာ ဝါးအရောင်းဆိုင်
လိုမျိုး ဘယ်လိုနေရာမှန်းအတိကျမသိရ

" ဟိုကောင်တွေလာစမ်း! ! "

" ဟုတ်ကဲ့ခေါင်းဆောင် "

" ဘယ်သူကဒီ* ကလေးကို ခေါ်လာပေးတာလဲ "

" ဟို ဟို ကလေးကအရမ်းအော်ငိုနေတာနဲ့ "

" သွား ဝေးဝေး ပြန်ခေါ်သွားစမ်း "

" သမီးနေမကောင်းလို့ ခဏအနားမှာခေါ်ထားပါရစေ ကျနော်တောင်းပန်ပါတယ်နော် "

" ဖယ်စမ်း "

အီးးးဟီးးး ဖေ

ရွေးကိုဖက်တွယ်ထားတဲ့ သမီးကို အတင်းဆွဲခေါ် လုယူသွားတော့ ပင်ပန်းပြီး ခဏမှေးနေ
ရှာတဲ့ ရွေးနီလေးက လန့်ပြီးအော်ငိုရှာတော့
တယ် ရွေး နေမကောင်းဖြစ်ရင် သူလေးကပါ
အမြဲ လိုက်ဖြစ်နေကျမို့ ရွေး ရင်ထဲမချိ ထွေးပွေ့ပေးထားချင်သေးတယ်

" အရမ်းမလုပ်ပါနဲ့ သမီးနေမကောင်းဘူး
ခင်ဗျားလူစိတ်ရှိသေးရင် ညှာတာပါဦးဗျာ "

" ဟက် လူစိတ် ဟုတ်လား မင်းကရောလူမို့လို့လား ဒီစကားပြောရအောင် "

မလွန်ဆန်ဝံ့သူWhere stories live. Discover now