Episode 28

7.7K 355 167
                                    


အခြေနေကအရင်ကလောက် ပြင်းထန်မနေ
ပေမဲ့ အိမ်ထောင်ကျပြီးနောက်ပိုင်း ပြဿနာ
ကတစ်မျိုးမဟုတ်တက်နေရတယ် ပြဿနာ
အစမှန်သမျှက ရွေးကြောင့်စခဲ့တယ်ဆိုပေ
မဲ့ ဒီရက်ပိုင်းတွေမှာတော့ ပြောင်းပြန်နီးပါး
ကိုကို့ဘက်က စဖြစ်နေပြီ

" သခင်လေး ကျနော်တို့သွားတော့မယ်နော်"

အထုပ်နှစ်ထုပ်ကို လက်ကကိုင်ဆွဲကာ ဝမ်းနည်းနေပုံရတဲ့ ရွေး တပည့်နှစ်ယောက်က
အားတင်းကာ နှုတ်ဆက်နေရတယ်

" မဟုတ်သေးဘူးလေကွာ ငါကိုကို့ ကို ပြန်
ပြောကြည့်ပါဦးမယ် "

" သူဌေးမင်းရော ဆရာကပါ ကျနော်တို့ကို
သခင်လေး အနားမထားချင်တော့ဘူးလေ "

" မင်းတို့မရှိရင်ငါဘယ်လိုလုပ်ရပါ့မလဲ ဒီအိမ်ထဲမှာ ငါ့ဘက်ပါမဲ့သူ ဘယ်သူမှမရှိတာ"

" ကျနော်တို့တတ်နိုင်သလောက်တော့ သခင်လေးကို အပြင်ကနေစောင့်ရှောက်ပေးမှာပါ
သခင်လေး စိတ်မကောင်းမဖြစ်လိုက်ပါနဲ့ "

ကိုကို့အိမ်မှာ ရွေးကတကယ့်ကို အပယ်ခံ
ဖြစ်နေပြီ အိမ်စေတွေကအစ ခိုင်းလို့မရ
စကားကိုအဖက်မလုပ်ကြ ကိုကိုနဲ့ တိုင်ပြောလည်း အရေးမလုပ် အမှန်တကယ်လည်း သူတို့ရဲ့သခင်ကိုယ်တိုင်ကိုက ချောင်ထိုးထားခဲ့တာကိုး

မေဘယ်လ် ကိစ္စကိုဖေဖေကူညီပြီးရှင်းပေး
ပြီးလို့ ရွေးမှာ အပူလုံးကျမယ်မကြံရသေး
ကိုကိုက တော်တော်လေးပြောင်းလဲလို့သွား
တယ် ဘယ်အရာမဆို အမိန့်ဆန်ဆန်ပေး
ခိုင်းတတ်လာပြီး ငြင်းဆန်ခွင့်လုံးဝမရှိခဲ့
မခံမရပ်နိုင်ဖြစ်နေလည်း ကိုကိုဆိုသူက
နည်းနည်းတောင်စိတ်မဝင်စားပေးပါ

ဒီလို အရမ်းရက်စက်တတ်လိမ့်မယ်လို့
မထင်ခဲ့

" အန်တီဝါ ဒါက ကိုကို့အတွက် ဆန်းကစ်သီးပန်းကန်မလား ကျနော်သွားပို့ပေးချင်လို့ "

" ဟုတ်ကဲ့ရပါတယ် သခင်လေး "

အိမ်ထောင်ရေးကံကောင်းလိုက်ပုံများ ကိုယ်ယူတဲ့ယောကျာ်းကို စကားပြောဖို့တောင်
မဝံ့မရဲဖြစ်နေရတဲ့ အဖြစ် အနားမှာရှိတဲ့ရွေး
လူတွေကိုလည်း နှင်ထုတ်ပစ်နေတာ အခုဇော်ကြီးနဲ့သီဟပါ ပါသွားရှာပြီလေ

မလွန်ဆန်ဝံ့သူTahanan ng mga kuwento. Tumuklas ngayon