Episode 41

8.3K 338 92
                                    

ရက်သတ္တပတ်အနည်းငယ်ကြာတော့ ရွေး
တပည့်နှစ်ယောက်ပြန်ရောက်လာခဲ့တယ်
လျှို့ဝှက်စာအိတ်ဖိုင်လေးသယ်ဆောင်လာ
ရင်းပေါ့

"သခင်လေးရပါပြီ "

"အင်း အခန်းတံခါးပိတ်လိုက်"

"ဟုတ်ကဲ့သခင်လေး"

"ငါလုပ်တာမှန်ရဲ့လား ငါကြောက်လွန်းလို့
မကြည့်ရဲတော့ဘူး "

"သခင်လေး သိသင့်တယ်ထင်ပါတယ်
တစ်သက်လုံးမရေရာမှုတွေကြားက လွတ်မြောက်ဖို့အတွက်ဆိုရင်ပေါ့"

"သခင်လေးမကြည့်ချင်မကြည့်ပါနဲ့ ဒီတိုင်းပဲ
ပျော်စရာသီရိဂေဟာလေးမှာပဲနေပါ "

"သီဟ"

"ဆရာလျှို့ဝှက်ထားတယ်ဆိုကတည်းက
သခင်လေးအတွက်မကောင်းလို့နေမှာပေါ့"

"ငါသိရမှဖြစ်မယ်"

နောက်ဆုံးမှာတော့
စာအိတ်အညိုထဲက စာရွက်ပါးလေးကိုစိတ်လှုပ်ရှားမှုအပြည့်နဲ့ ထုတ်ကြည့်လိုက်တယ်
အင်္ဂလိပ်စာလုံးများစွာထဲကမှ သိလိုတဲ့အဓိကနေရာကို ရွေး ဖတ်ကြည့်မိတော့

ဦးသက်တင်စိုးမိုး နဲ့ ရွေးနီနီစိုးမိုး ရဲ့
သွေးသားတော်စပ်မှုက 0%

ဟာ မဖြစ်နိုင်တာ ကိုကိုငါ့ကိုလိမ်စရာအကြောင်းမှမရှိတာ ဘယ်လိုဖြစ်တာလဲ
ရွေးနီလေးက ကိုကို့သမီးမဟုတ်ရင်

"နောက်တစ်အိတ်ပေးစမ်း"

"သခင်လေး"

"မြန်မြန်"

အလျင်စလို ဆွဲထုတ်ပြီး ခုနကလိုနှေးကွေးမနေနိုင်တော့ဘဲ ခပ်မြန်မြန်ပဲ ဖွင့်ဖတ်လိုက်တယ် ပြီးတော့ အိပ်ခန်းအကျယ်ကြီးကလုံးဝကိုတိတ်ဆိတ်ငြိမ်သက်သွားပါတော့တယ်

ရွေးနေဝန်းသာ နဲ့ ရွေးနီနီစိုးမိုး ရဲ့
သွေးသားတော်စပ်မှု မှာတော့.......

99.9997%

"ဒီတော့ ရွေးနီလေးကငါ့သမီးတဲ့လား
ဘာလို့ ကိုကိုက တော်ဝင်သွေးရဲ့ဆက်ခံသူအဖြစ်မွေးခဲ့တာလဲ ဘာလို့လဲ ကိုကိုကဘာလို့လဲ အင့်"

နားထဲမှာအလိုလိုကြားယောင်လာမိတဲ့စကားတွေကြောင့် ရင်ထဲမှာတစ်ဆစ်ဆစ်နဲ့အက်ကွဲသံတွေပါဆူညံလာတော့တယ်

မလွန်ဆန်ဝံ့သူWhere stories live. Discover now