Episode 17

8.2K 366 39
                                    

ညဘက်ကအရှိန်နဲ့ နှစ်ခြိုက်စွာအိပ်ပျော်
နေတုန်း........

~~Good morning! ~~~~ (Alarm)

" အာ နားငြီးတယ် "

Good morning!

" နားညီးတယ်လို့!!! "

ဝုန်း.... အုံး....ခွမ်း....

အိပ်ရာဘေးခုံပေါ်က တစ်ခါမှမမြင်ဖူးတဲ့
နှိုးစက်နာရီအဖြူ ကြောင်ရုပ်လေးကို နံရံဆီ
ပစ်ပေါက်လိုက်တော့ ပျက်ဆီးသံကလွဲလို့
ဘာမှထပ်မထွက်လာတော့ပေ

" ဘေဘီထတော့ "

ဒီတစ်ခါတော့နှိုးစက်ဆီကမဟုတ်တော့

" ဘာမှလုပ်စရာမရှိဘူး ကိုကို မနက်ငါးနာရီကြီးဘာထလုပ်ရမှာလဲ "

" စာလုပ်ရမှာပေါ့ "

" မလုပ်ပါဘူး ကျနော့်ဦးနှောက်ကမနက်ပိုင်းမကောင်းဘူး ပုံမှန်ချိန်ထိအိပ်မှာ မနှောက်ယှက်နဲ့ဗျာ "

" နာရီကတော့တစစီဖြစ်သွားပြီပဲ ပြင်လို့တောင်မရတော့ဘူး ပစ်လိုက်မှဖြစ်တော့
မယ် "

နာရီအပျက်ကိုကိုင်ပြီး ဘာပြောမှန်းမသိ
ပေမဲ့ လေသံကထူးဆန်းလာလို့မျက်နှာရိပ်
မျက်နှာထားကို မော့ကြည့်ရတယ်

ဘာလဲ အပေါစားနာရီကိုနှမောတသသဖြစ်နေတာလား

" ကိုကို စိတ်ဆိုးသွားတာလား "

" အင်း အဲ့ဒါကြောင့်အိပ်ရာကထပြီး စာလုပ်ဖို့ပြင်တာကောင်းမယ် မဟုတ်ရင်စိတ်ပါတိုမိတော့မယ် "

" နေ့ခင်းမှလုပ်လို့မရဘူးလား "

စိတ်မရှည်တဲ့ ချစ်သူကတော့ ရွေး ကိုယ်လေးကိုပွေ့ချီပြီး ရေချိုးခန်းထဲခေါ်သွားတယ်
နှိုးနေရင်ပြီးမှာမဟုတ် ကိုယ်တိုင်ပဲမျက်နှာ
သစ် သွားတိုက် အကုန်လုပ်ပေးမှ မျက်လုံးလေးကျယ်လာတယ်

" ဘေဘီညကပြောတယ်လေ ဆလိုင်းနဲ့စာမလုပ်ချင်ဘူးဆို ဒီတော့အိမ်မှာပဲလုပ်ဖို့ ကိုယ်
ခွင့်ပြုပေးလိုက်ပြီ.... "

" တကယ်နော် "

" ကိုယ်ပြောလို့ပြီးပြီလား "

နည်းနည်းဆူလိုက်တာနဲ့ ဘေစင်ပေါ်မှာထိုင်နေတဲ့ ကောင်လေးကစိတ်ကောက်ပြတယ်

မလွန်ဆန်ဝံ့သူWhere stories live. Discover now