Episode 37

7.6K 368 103
                                    

တော်ဝင်သွေးလုပ်ငန်းစုကြီးရဲ့ အောင်အောင်မြင်မြင်ရပ်တည်နိုင်ခဲ့ခြင်း
အထိမ်းမှတ်ပွဲနဲ့ နောက်ထပ်အောင်မြင်မှုအသစ်ကိုပါ တပါတည်း ကျင်းပဖြစ်တဲ့
ဒီနေ့.......

ဖွင့်ပွဲရောက်တော့ ဖိတ်ထားတဲ့ပုဂ္ဂိုလ်တွေစီးပွားဖက်တွေ ဆိုင်ခန်းဖွင့်လှစ်မဲ့ သူဌေးတွေ စျေးဝယ်မဲ့သူတွေနဲ့ စည်ကားလို့နေတယ် ဖဲကြိုးဖြတ်ဖွင့်လှစ်မဲ့သူတွေထဲမှာတော့ သက်တင်စိုးမိုးက အလယ်ဗဟိုမှာ
နေရာယူထားပြီး ဘေးမှာတော့ ရွေးနေဝန်းသာရှိလို့နေတယ်

" ကိုကို တကယ်ခေါ်လာတယ်နော် ဟီး "

" ရွေး လိုက်ချင်တာကိုယ်သိနေတယ်လေ
ပွဲပြီးတဲ့ထိ ကိုယ့်နားမှာပဲနေနော် "

" ဟုတ် "

မျက်နှာလေးကအခုမှလန်းခါစ နေကောင်းခါစလေးမို့ အနည်းငယ်တော့ဖျော့တော့နေသေး
တယ် ခေါ်မလာချင်ပေမဲ့ ဒါမျိုးအရေးကြီး
ပွဲကိုမှ ခေါ်မလာရင် ရွေး ကိုနှိမ့်ချချင်သူတွေ
အတင်းဖျင်းတွေက ပိုဆိုးလာနိုင်တာကြောင့် အချောမောအခန့်ညားဆုံးဆင်ပေးထားပြီး ဝံ့ကြွားစွာ အတူယှဥ်တွဲတက်ဖို့ပဲ ပြင်ဆင်လိုက်တော့တယ်

ဖဲကြိုးဖြတ်ဖွင့်ပွဲအပြီးမှာတော့ လာရောက်ဂုဏ်ပြုပေးသူတွေ ဧည့်သည်တွေကို ကျွေးမွေးဧည့်ခံ တွေ့ဆုံစကားပြောနေတုန်း
ရွေးအနား အမျိုးသမီးတစ်ယောက်ကပ်လာ
ခဲ့တယ် ဘာအတွက်မှန်းသိနေတာမို့ တစ်နေရာကိုရှောင်ချင်ပေမဲ့ မဖြစ်နိုင်ခဲ့

" ရွေးနေဝန်းသာ မတွေ့တာကြာပြီနော် ပိုပြီး
ကြည့်ကောင်းလာတာပဲ "

" အင်း မတွေ့တာကြာပြီ "

" ဘယ်လဲ နေပါဦး သတင်းတွေကြားတယ် အိမ်ထောင်ပြုပြီး နောက်ပိုင်း အိမ်ပြင်တောင်မထွက်ရဘူးဆို ဘာလဲ ပွေရှုပ်တာတွေသိလို့ ယောကျာ်းဖြစ်သူကစိတ်မချဘူးထင်တယ်နော် "

" အခုထိကျနော့်အကြောင်းစိတ်ဝင်စားသေးတာလား "

" ဒါပေါ့ ရှင်အဆင်မပြေတဲ့အကြောင်းရာ
မှန်သမျှ ကျမစိတ်ဝင်စားတယ် "

" ကျနော်ကဘာများအဆင်မပြေစရာရှိမလဲ"

" ဒါနဲ့မေဘယ်လ်ဆိုတဲ့ကောင်မလေးရော
နေကောင်းရဲ့လား သူကျမအသိဆရာဝန်ဆီ
လာပြတုန်းကတွေ့လိုက်သေးတယ် "

မလွန်ဆန်ဝံ့သူWhere stories live. Discover now