Episode 27

8.8K 353 89
                                    


အိမ်ထောင်သည်ဘဝကို ရွေးအကြီးကြီးတွေးထားပေမဲ့လည်း ထင်သလောက်တော့မဟုတ်
အရင်လိုပဲ ကိုကိုကချစ်ပေးသလို ခေါင်းစ
ခြေဆုံးဂရုစိုက်ပေးတယ် အားရင်အားသလို
ခရီးထွက်တယ် ဟင်းကောင်းကောင်းချက်
ကျွေးတယ် ပုံမှန်တိုင်းချစ်ကြတယ်လေ

ဒါပေမဲ့ ကိုကို့ကိုကြည့်ရတာ အရင်ကထက်
ပိုပင်ပန်းနေသလိုပဲ ခုတလောဆေးရုံဘက်
လည်းသွားတာမတွေ့ရ တစ်ချိန်လုံးအလုပ်
ကိစ္စဖုန်းနဲ့ပြောနေတတ်ပြီး စာရွက်ပုံတွေကြားခေါင်းစိုက်နေရှာတယ် ရွေး မြင်ရတာ
စိတ်မကောင်း......

" ကိုကို ဒါလေး သောက်ပြီးမှဆက်လုပ်ပါလား "

ကိုကိုကအံ့သြသလိုမော့ကြည့်တော့

" ဟီး ဘာမှမဖျော်တတ်လို့ ရေခဲရေပဲထည့်
လာတာ "

" အား အေးသွားတာပဲ ကိုယ့်နှလုံးသားလေး
ယူလာပေးတာ လန်းဆန်းသွားပြီ "

" ကိုကို အခုတလော ဘာဖြစ်လို့လဲဟင်
ဖေဖေနဲ့လည်း မကြာခဏတွေ့နေသလိုပဲ "

" ရွေး ကိုယ်စီးပွားရေးဘက်ပြန်လှည့်လိုက်
ပြီ ကိုယ်ဦးစီးဖို့ဆုံးဖြတ်ထားတယ် "

" ဘာလို့လဲ ကိုကိုကဆေးကုရတာ အပျော်
ဆုံးမဟုတ်ဘူးလား ကျနော်လည်းဆရာဝန်ယောကျာ်းပဲဖြစ်ချင်တာ "

" ယုယကိုအနားပေးမှဖြစ်တော့မယ်လေ
ဒီတစ်ခါ ခွဲစိတ်မှုကသိပ်အားရဖို့မကောင်း
ဘူး ကိုယ်ရွေးနဲ့တိုင်ပင်ဦးမလို့ပဲ ဒါပေမဲ့ "

" ရပါတယ် ကျနော်က ကိုကို့လိုမှဉာဏ်မကောင်းတာ ဘယ်တိုင်ပင်လို့ရပါ့မလဲ "

" ရွေး "

အခုတလော ကိုကိုဘာတွေလုပ်နေလဲ ရွေး
တကယ်ကိုမသိရ ဒီလောက်အရေးကြီးတဲ့
အရာမျိုးတောင် သိခွင့်မပေးရင် ဘယ်လိုရှေ့
ဆက်သွားရပါ့မလဲ ကိုကိုကတော့ ရွေး ကို
မနှိမ့်ချလောက်ဘူးထင်ခဲ့တာ

)))))Rt

)))))))Rt

ကျယ်လောင်စွာမြည်လာတဲ့ဖုန်းသံကြောင့်
စိတ်ကမကြည်တော့ပါ ဖုန်းကိုင်ဖို့အတွက် နံပါတ်ကိုကြည့်လိုက်တော့ ပိုဆိုးရွားသွား
တော့တယ်

မလွန်ဆန်ဝံ့သူWhere stories live. Discover now