Episode 2

16.1K 632 16
                                    

ငွေချေးလုပ်ငန်းပိုင်ရှင် အမြတ်ကြီးစားသူ ရွေးနေဝန်းသာ ကတော့အားရင် ပျော်ပွဲရွှင်ပွဲပါတီလေးပေးလိုက် Day club တက်လိုက် night club တက်လိုက် Shoppingထွက်လိုက်နဲ့ အချိန်နဲ့ငွေတွေဖြုန်းတီရင်း တန်ဖိုးရှိစွာနေထိုင်တယ်

ပျင်းလာပြီဆိုပြီရင်တော့ ပုံမှန်တိုင်းနှစ်ချို့နေတဲ့အကြွေးတွေမရမကလိုက်တောင်းရင်း ပွဲကြမ်းရင်းပြဿနာလိုက်ရှာတယ်

ဒီနေ့ကတော့ အိမ်ခြံမြေလုပ်ငန်းစုက မျောက်လေးတစ်ကောင်ရဲ့ မွေးနေ့ပွဲကိုတက်ဖို့
စျေးအကြီးဆုံး ဝတ်စုံကို သေသပ်လှပစွာ
စိန်စီထားတယ် သိပ်ကိုအဆင့်တန်းမြင့်မားတဲ့အသွင်ကိုဆောင်ထားရင်းပေါ့

" သူဌေးလေး နေဝန်း ဒီဘက်ကိုကြွပါ
နေရာပြင်ထားပြီးပါပြီ "

" ခဏပဲနေမှာ ကျုပ်အချိန်ကသိပ်မရတာမို့
ဘယ်လိုလုပ်မလဲ "

" ကြွရောက်ပေးလာတာနဲ့တင် ဂုဏ်ယူလို့မဆုံးပါဘူးဗျာ ဟားး ဟားး "

ကြိုဆိုဖို့လာတဲ့ လူကြီးခမျာ အောင့်သက်သက်နဲ့ မရယ်ချင်ရယ်ချင် အကျိုးလိုလို့ညောင်ရေလောင်းလိုက်ရရှာတယ်
ကွယ်ရာမှာတော့........

" ဒီအရိုင်းအဆိုင်းလေးကိုဘယ်သူကဖိတ်လို့ရောက်လာပြန်တာလဲ ဘာ မအားဘူးတဲ့
သူ့လိုသောက်လိုက် စားလိုက် မိန်းကလေးတွေနဲ့ပျော်ပါးလိုက် ပညာသင်နေလို့
မအားဘူးဆိုရအောင်လည်း ပညာရေးကတစ်ပိုင်းတစ ဘေးကမိန်းကလေးကတော့
မဆိုးဘူးပဲ ဒီကောင့်ရုပ်ရည်ကသံလိုက်လိုဆိုတော့ အချောအလှမှန်သမျှပြေးကပ်ကြတယ်
ဟူးးး မင်းတို့သေချာဂရုစိုက်လိုက်ဦး သူပြဿနာမရှာစေနဲ့ "

" ဟုတ်ကဲ့ "

" သူဌေး Drသက်တင်စိုးမိုး လာပါပြီ "

" ဟေ လာပြီလား မြန်မြန်သွားကြိုရအောင်
VIPဝိုင်းအသင့်ပြင်ထား "

" သိပါပြီ "

အထူးဧည့်သည်တစ်ယောက်ရောက်လာပုံရတာကြောင့် ဘာရယ်မဟုတ် လှမ်းကြည့်လိုက်မိတယ် ရွေး ရောက်လာတုန်းကမရရှိခဲ့တဲ့ နွေးထွေးပြီး စိတ်ပါလက်ပါကြိုဆိုမှုမျိုး
ကို အထူးဧည့်သည်ကအပိုင်သိမ်းသွားတာကိုး

မလွန်ဆန်ဝံ့သူWhere stories live. Discover now