Episode 23

7.8K 379 61
                                    


မအေးမချမ်းဖြစ်နေတဲ့ မနက်ခင်းလေး.......

Drသက်တင် ဒီနေ့နယ်ဘက်ကိုခရီးထွက်ဖို့
ရှိပေမဲ့ အခုထက်ထိဘယ်အရာမှအသင့်မဖြစ်
သေးပေ ပုံမှန်ဆို အရာရာတိကျပြတ်သား
ပြီး အချိန်မီ လုပ်တတ်ကိုင်တတ်သူက ရွေး
ရောက်လာတဲ့နောက်ပိုင်း ပုဆိုးတောင်မနိုင်
ရှာတော့ဘဲ ဘောင်းဘီပြောင်းဝတ်နေရပြီ

" ခဏလေး ရွေး ကိုယ်ပြီးတော့မယ် "

" ခရီးထွက်ရမဲ့ဟာ ဘာလို့ပင်ပန်းအောင်
ထမင်းဟင်းတွေ အစောကြီးထချက်ရတာလဲ
Breakfast မှာစားရင်ရတာပဲဟာ ဟွတ်
အဟွတ်! "

" တွေ့လား အဲ့လိုအပြင်စာတွေစားလို့ ချောင်းဆိုးမပျောက်တာ "

သက်တင် ဆေးရုံကနေပြန်မလာအားတဲ့နှစ်ရက်အတွင်း ဘာတွေဘယ်လိုစားသောက်နေထိုင်ခဲ့လဲမသိ ဖျားနာပြီး ချောင်းက
တဟွတ်ဟွတ် ဆိုးနေတော့တယ် ဒါတောင်အိမ်မှာသေချာ ချက်ပြုတ်ကျွေးမွေးပြီး ဆေးတိုက်ထားလို့ တော်တော်လေးသက်သာသွားတာ သူ့အိမ်မှာသာဆိုအားလုံးရဲ့အထက်မှာမို့ ဘယ်သူမှထိန်းချုပ်လို့မရ

ဒီတော့နေကောင်းတဲ့အထိဂရုစိုက်ပေး
ဖို့ အိမ်မှာပဲခေါ်ထားရတော့တယ်

" ဟေး မုန့်မစားနဲ့ထမင်းစားရမှာ ဟင်းချို
အိုးပွက်ရင် ရပြီ "

" ရွေးနေဝန်းသာ! "

" ကိုယ်ဘာပြောနေလဲ မုန့်ထုပ်ပြန်ချထား "

မီးဖိုချောင်မှာ ချက်ပြုတ်ရတာတစ်လုပ်
ဧည့်ခန့်ဆိုဖာမှာ ထိုင်ပြီး ဆီကြော်မုန့်ထုပ်
တွေဖောက်စားဖို့ကြံနေတဲ့ ဟာလေးကိုထွက်
ချောင်းရတာတစ်လုပ် စိတ်ကမဖြောင့်နိုင်

" တစ်ထုပ်ပဲစားမယ်လေနော် အဟွတ်!"

" မရဘူးထမင်းပူပူလေးကျွေးမှာ မနက်ပိုင်း
အဲ့ဒါတွေ ကိုယ်ဘယ်တုန်းကကျွေးဖူးလို့လဲ "

" ဟီး "

" ရွေးနေဝန်းသာ! ပြောနေတဲ့ကြားကဖောက်
လိုက်သေးတယ် လာခဲ့စမ်း "

" အား ကိုကို ဟင်းတူးကုန်မယ်နော် "

ပြောမကောင်းဆိုမကောင်းဟာလေးကို ပြေး
ဖမ်းပြီးပါလာတော့မှ နာနာလေးရိုက်ဖို့ပြင်
လိုက်ပေမဲ့ ဟင်းချိုအိုးကိုသတိရတော့တယ်

မလွန်ဆန်ဝံ့သူWhere stories live. Discover now