Episode 42

7.7K 353 72
                                    

လက်ထဲမှာ စွပ်ပြုတ်ချိုင့်ကတစ်ဖက်
ပန်းစည်းကတစ်ဖက် ကိုင်ဆွဲရင်း ဆေးရုံကိုရောက်လာခဲ့ပြန်တယ် မလာဖို့တားမြစ်
ထားတဲ့ကြားက သက်တင် မလိုက်နာမိ
စိုးရိမ်စိတ်ကြောင့်ရော အားနာစိတ်ကြောင့်
ပါ ဒီပုဂ္ဂိုလ်ကိုကျန်းကျန်းမာမာပုံစံနဲ့
မြင်တွေ့ခွင့်ရချင်သေးတယ်

အတွေးတချို့ကိုဖြတ်ပြီးချိန်မှာ VIPလူနာခန်းရှေ့ရောက်လာခဲ့ရပြီ

တံခါးကို အသာဆွဲဖွင့်လိုက်လေတော့.....

ထင်ထားတဲ့အတိုင်း အိပ်ရေးဆက်တဲ့
အန်တီဝါကနိုးသွားပြီး သက်တင်ကို အချိုသာဆုံးပြုံးပြကာ​ကြည့်လာတယ်

ပြန်တွေးမိတော့လည်း အန်တီဝါက သက်တင်အတွက် စာနာခြင်း သနားခြင်းနဲ့
ဂရုစိုက်မှုတွေ မေတ္တာတွေ အပြင် အပြုံး
ချိုချိုတွေပါအမြဲပေးခဲ့တာပဲ

"ကျနော့်ကြောင့် နိုးသွားပြန်ပြီ "

"ဒီနေ့ သားသက်တင်လာမယ်ဆိုတာ အန်တီဝါကြိုသိနေတယ်လေ "

"နိုးပြီဆိုတော့လည်း အန်တီဝါ့အတွက်
စွပ်ပြုတ်ပူပူလေး ပြင်လိုက်တော့မယ်"

"အန်တီဝါ့အတွက် ဆေးရုံကအစားသောက်နဲ့တင်လုံလောက်နေပါပြီ သားရယ် ပင်ပန်းရကြားထဲ ခဏခဏမလာပါနဲ့"

တစ်ချိန်က ဆရာဆိုတဲ့အခေါ်ဝေါ်အစား
သား ဆိုတဲ့အသုံးက သက်တင်ရင်ကိုပိုမို
နွေးထွေးသွားစေတယ် ဒါတောင် အတင်းတိုက်တွန်းလို့သာ ဆရာဆိုပြီးအမြဲမသုံး
တော့တာ အန်တီဝါက တချို့အရာတွေမှာ
သိပ်ကိုခေါင်းမာပါတယ်

ဘယ်ချိန်မှများ သားမိဆက်ဆံရေးကို အမှန်တကယ်ပေးမှာလဲ ဆိုပြီး မေးကြည့်မိတော့

ကျမက သားသမီးကိုလေးစားတဲ့မိခင်ပါတဲ့လေ

"အန်တီဝါသက်သာရဲ့လားဆိုတာ ကိုယ်တိုင်ကြည့်ချင်လို့ပါ ကဲ ကြက်စွပ်ပြုတ်သောက်
လို့ရပြီ အန်တီဝါ ချက်သလောက်တော့ မကောင်းဘူးထင်တယ်"

"အန်တီဝါ ကချေးမများပါဘူးသားရယ် ဒါနဲ့
သူဌေးကတော်တောင် မနက်ကလာသွားသေးတယ် "

မလွန်ဆန်ဝံ့သူWhere stories live. Discover now