Episode 7

10.9K 408 14
                                    


အပြစ်ပေးကာလရော အပြုစုခံအချိန်ပါ
ကုန်လွန်သွားချိန်မှာတော့ အခြေနေက
ငြိမ်သက်လို့နေတယ် မနက်စာနဲ့နေ့လယ်စာ
ပေါင်းပြီးစားဖို့တွက် အသင့်ပြင်ပေးထားတဲ့ ထမင်းစားခန်းထဲရောက်နေပြီလေ မငြိမ်လို့
လည်းမရ ဟိုလူကြီးကဘေးမှာထိုင်စောင့်
ကြည့်နေတာကိုး

" စားလေ မနက်စာလွတ်တာဒီနေ့နောက်ဆုံး
ဖြစ်ပါစေ "

" သိပါပြီ "

" အစားဆိုတာပုံမှန်နဲ့မျှတအောင်စားပေးရ
တယ် "

သိပါပြီလို့ပြောပြီးပြီလေ ဒီလောက်တော့
ဆရာဝန်မဟုတ်လည်းသိပါတယ် ဒါပေမဲ့
သိသမျှအကုန်ဘယ်သူကလုပ်နိုင်မှာလဲ အခု
ပဲကြည့်လေ မုန်လာဥနီ ပန်းဂေါ်ဖီစိမ်း အာလူး ငါးကြော်တစ်ကောင် ဟင်းရည်က
ပဲပင်ပေါက် ပိုဆိုးတာကအဲ့ဒါတွေအကုန်ကို
ဒိုရေမွန်ပုံပါတဲ့ ပုံစံခွက်ထဲထည့်ကျွေးနေတာ
လူကို မူကြိုကလေးလိုမြင်နေတာများလား

" အကုန်စားရမယ်နော် ပြီးမှအိမ်ပြန်ခွင့်
ပေးမှာ "

" ဟို အရွက်တွေက....မကြိုက် "

ပါးစပ်ထဲတောင်မထည့်ချင်တာ ဘယ်လို
ကုန်အောင်စားရမှာလဲ တခြားဟင်းများ
ထပ်ရမလား မျှော်လင့်ချက်နဲ့ အရဲစွန့်ပြီး
ပြောဖို့လုပ်လိုက်ပေမဲ့ ထိတ်လန့်စရာ
အကြည့်တစ်ချက်ပဲ ပြန်ရတာမို့ အောင့်အီး
ပြီးပဲ ပန်းဂေါ်ဖီစိမ်းလေးတစ်ခုကို ဝါးပြီး
မြိုချလိုက်ရတော့တယ်

" အရွက်တွေ မကြိုက်ပေမဲ့ စားပါ့မယ်လို့
ပြောမလို့ပါ ဟီး "

" အစာကိုကျေညက်အောင်ဝါးစားရမယ်
လေ ဘာလို့အတင်းမြိုချနေတာလဲ အစာ
မကျေဖြစ်အောင် "

" သိပါပြီ "

ဒါသက်သက်နှိပ်စက်တာ အသားပဲစားတဲ့
တောဘုရင်ခြင်္သေ့ကို အရွက်တွေထိုးကျွေး
နေတာ ဘယ်လောက်တောင်ရက်စက်လိုက်
လဲ တစ်ခါထဲ ခုန်အုပ်ပြီးကိုက်စားပစ်လိုက်
ချင်တယ် ဒီလူ့မှာကြွက်သားတွေအပြည့်

" တော်တယ် စားလိုက်တော့ကုန်သွားတာပဲ
မဟုတ်လား "

ခင်ဗျားကို ကြောက်လို့ အရသာမခံပဲကျေညက်အောင်ဝါးစားပြီး မြိုချနေရတာ
လေ ဗိုက်ကလည်းအရမ်းဆာနေတာကိုး

မလွန်ဆန်ဝံ့သူWhere stories live. Discover now