Episode 33

7.2K 379 70
                                    

လိုက်ကာစကြားကနေ နေရောင်အနည်းငယ်တိုးဝင်လာတဲ့အထိ အိပ်ယာထဲကကောင်လေးကနိုးမလာခဲ့သေး မနက်စောစောပုံမှန်
ထနေကျလေးကလေ

" အင်း ဟင်း.....ဘယ်နှယောက်လဲ 1.....
2...ကဘယ်သူလဲ တစ်ယောက်လျော့နေသလိုပဲပြန်ရေကြည့်မယ် 1....ဘယ်လိုရေရေ ငါပဲ ဘယ်သူ့ကိုမေ့နေတာပါလိမ့် 1...2..."

ကိုယ့်ကိုယ်ကို လက်ညှိုးလေးထိုးလိုက်
ဘေးကခေါင်းအုံးကို ကြည့်လိုက်နဲ့ ဘာလုပ်ချင်နေမှန်းမသိရ

" 2 ကလား သမပေးဖို့ သူ့ယောကျာ်းလာခေါ်သွားပြီ 1ကိုရောဘယ်လို စီရင်ပေးရမလဲ "

" အမလေးဗျ..... ကိုကြီး "

" သတ္တိတွေကောင်းနေပါ့လား ခန့်ခန့်ချောတို့ကတုတ်တောင်းနေတာ ထစမ်း တစ်အိမ်လုံးသန့်ရှင်းရေးလုပ် ညစ်ပတ်နံစော်နေတာ
ဝက်ခြံကျနေတာပဲ ဝက်ကမှသန့်ရှင်းဦးမယ်"

"ဟီး ကိုကြီး ချောကိုဖက်ပါဦး အရမ်းလွမ်းနေတာ "

" ရပ်နေ မထိနဲ့ ပေကျံညစ်ပတ်နေအောင်
ဘယ်လိုတွေသောင်းကျန်းကြလဲ နှစ်ယောက်
တည်းနဲ့ကို ဘေးအိမ်တွေလည်းတန်းစီပြီးလာတိုင်ကြတယ် ဆူညံပွတ်လောရိုက်နေကြတာ မရှက်ဘူးလား "

" နေဝန်း ကိုပျော်အောင်လုပ်ပေးလိုက်ပါဆို
အကုန်ခွင့်ပြုပေးခဲ့ပြီးမှ မဆူပါနဲ့ "

" လူတစ်ယောက်လုံးမ ခေါ်သွားတာမသိရတဲ့
အထိ မင်းအခြေနေကဆိုးနေရလား တခုခု
ဖြစ်ရင် ဘယ်လိုလုပ်မလဲ ဟမ် နာတော့မယ်"

" ချောက ကိုကြီးခွင့်ပြုလို့သာ.... အော့ ဝေါ့
ဟင့် ရင်ထဲက ......"

" ချော ရလား ထိုင်နေ ရော့အမူးပြေအောင်
ဒါလေးသောက်လိုက် "

ပြောနေရင်း ပျို့တက်လာပြီးပြေးအန်တဲ့
ကောင်လေးကြောင့် နောက်ကလိုက်ရပြန်
တယ် ကျောကိုသပ်ပေးဖို့အတွက်

" ရပါတယ် ချောသန့်ရှင်းရေးထလုပ်မှဖြစ်မယ် ကိုကြီးကညစ်ပတ်တာမကြိုက်ဘူး "

" သန့်ရှင်းရေးလုပ်ဖို့လူခေါ်ထားတယ် နားနေလိုက် "

" ဟီး ကိုကြီးက အကောင်းဆုံးပဲ"

ပြုံးရွှင်ပြီး လူကိုလှမ်းဖက်ပြီးတာနဲ့တပြိုင်နက် ပါးကိုရွှတ်ခနဲ နမ်းလိုက်သေး
တယ် ပေကျံနေတာကိုတော့ မရွံရှာနိုင်ဘဲ
အနမ်းပြန်ပေးမိတာ ချောဖြစ်နေတာမို့.....

မလွန်ဆန်ဝံ့သူحيث تعيش القصص. اكتشف الآن