Episode 39

8K 378 203
                                    

နေ့ရက်တွေကတစ်နေ့ပြီးတစ်နေ့ကုန်ဆုံးလာတယ် ရွေး အခြေနေကတော့ သိပ်ပြီးအားရ
ဖွယ်မရှိ နဂိုဖြူနုတဲ့ အသားရေကနေ ဖြူဖျော့ပြီး အားအင်တစ်စက်လေးမှ ရှိတဲ့ပုံမပေါ်ဘဲ
ငြိမ်သက်နေဆဲ

စိတ်ပူလို့ရော သတင်းလိုချင်လို့ရော
လူနာလာမေးတဲ့ သူတိုင်းကို သက်တင်လက်မခံပေမဲ့ ရွေး ရဲ့ရင်းနှီးတဲ့သူငယ်ချင်းတွေကိုတော့ ခွင့်ပြုထားတယ် သူတို့တွေနဲ့သာဆို ပြန်ပြီးများနိုးလာလေမလား မျှော်
လင့်ချက်လေးနဲ့ပေါ့ ရွေးအတွက် အတတ်နိုင်ဆုံး လိုက်လျောပေးခဲ့တာချည်း

" ဒေါက်တာ ကျနော်ပြန်တော့မယ် "

" အင်း ပင်ပန်းသွားပြီ ခန့်ခန့် "

" ရပါတယ် နေဝန်း သတိမရမချင်းနေ့တိုင်းလာပြီးနှိုးနေဦးမှာ ဟီး "

" သွားပြီနော် သက်တင် မင်းအတွက်ဝယ်လာတဲ့ ညနေစာ စားလိုက်ဦး "

" ဟုတ်တယ် အားရှိမှ နေဝန်းကိုပြုစုနိုင်မှာပေါ့ လူနာစောင့်က နေမကောင်းတော့ ဘယ်လိုလုပ်မလဲ "

" နည်းနည်းအအေးမိရုံပါ ဘာမှမဖြစ်ပါဘူး မင်းတို့လည်းပြန်နားလိုက်တော့ "

ဆလိုင်းတို့စုံတွဲပြန်သွားတော့ ဆေးရုံခန်းထဲမှာ ပြန်လည်အေးစက် တိတ်ဆိတ်သွားရတယ် နေ့တိုင်းကုတင်ပေါ်မှာ လဲလှောင်းနေတဲ့ရွေး ကိုအခုထိမြင်ရတာ အဆင်ပြေမနေသေး

" ဧည့်သည်တွေပြန်သွားပြီ ကိုယ့်ရဲ့ရွေးပျင်းနေပြီလား စာအုပ်ဖတ်ပြရမလား သီချင်းနားထောင်မလား ဒါမှမဟုတ် ကိုယ်တို့စကားပြောကြမလား "

" ရွေး ကိုယ့်ရဲ့ ရွေး ကိုယ့်အတွက်သီးသန့်မွေးဖွားလာသလိုမျိုး မင်းကိုတွေ့ရတိုင်း ကိုယ့်ရင်တွေ ဘယ်လောက်တောင်ခုန်ပြီး စိတ်လှုပ်ရှား
ခဲ့လဲသိလား......ဒီတိုင်း နာမည်လေး ခေါ်ခွင့်ရရုံနဲ့တင် ကိုယ့်ဘဝကပြီးပြည့်စုံနေတာပါ "

စကားပြောရင်း စီးကျလာတဲ့မျက်ရည်တွေ
က ရွေး လက်ဖမိုးပေါ် မိုးရေစက်လို ကျဆင်းလာခဲ့တယ် ချစ်ရသူရှေ့မှာ အားနည်းတဲ့ပုံ
မပြချင်ပေမဲ့ ဒီတစ်ခါတော့ ဘယ်လိုမှတင်းထားလို့ရမနေတော့........

မလွန်ဆန်ဝံ့သူWhere stories live. Discover now