Episode 4

13.4K 477 15
                                    

" ကျနော်လက်ခံတယ် "

" ကိုယ်မင်းကိုမနက်ဖြန်ထိအချိန်ပေးထားတယ်လေ "

" မလိုတော့ဘူး "

အဖြေပေးဖို့အတွက် မစောင့်နိုင်တော့တာမို့
အပြေးလေးထွက်လာခဲ့ပေမဲ့ ပြဿနာနှင့်
ကြုံရခဲ့သေးတယ် အဲ့ဒါက Drသက်တင်ရဲ့
အိမ်ကိုမှမသိတာ

ဆက်ဖို့တစ်ခုတည်းသော နံပါတ်လေးကို
ရိုက်နှိပ်ရပြီး အိမ်ကိုလှမ်းမေးလိုက်တယ်
ဒီလိုနဲ့ အိမ်ရှာဖို့အချိန်တွေထပ်ကုန်ပါလေရော

" အိမ် ထဲမခေါ်တော့ဘူးလား "

" ကိုယ်မင်းကို လာခွင့်ပေးခဲ့လား "

" ဒါပေမဲ့ အနည်းဆုံး.... "

" မိုးချုပ်နေပြီ ရွေး ပြန်လိုက်တော့ မနက်ဖြန်မင်းအိမ်ကို ကိုယ်လာခဲ့မယ် "

" ကျနော့်အိမ်? ??"

" ရော့ ဒီ ဒီဇိုင်းအတိုင်း ပြင်ဆင်ထား
ကျွမ်းကျင်ပြီး မြန်မြန်ဆန်ဆန် လုပ်နိုင်မဲ့
ပညာရှင်ဆိုပိုကောင်းမယ် "

" ခင်ဗျားဘက်က တာဝန်ယူရမဲ့အပိုင်းမဟုတ်ဘူးလား ဘာလို့ကျနော့်ချည်းပဲလဲ "

" မင်းကချမ်းသာတဲ့သခင်လေးမို့လို့လေ
ကဲ ကားထဲပြန်ဝင် မနက်တွေ့ကြမယ် ရှစ်နာရီတိတိ "

ပြွတ်...

" ဝိုးးး ဝိုးးး OMG! သခင်လေး "

" ခုနက နမ်းလိုက်တာမလား ဇော်ကြီး
အမလေး "

" မောင်းတော့ "

" သခင်လေး ဘာတွေလဲလို့ "

" ငါတို့တစ်နှစ်တွဲဖို့ စာချုပ်ချုပ်ထားတယ်"

" အိမ်ထဲတောင်မဝင်ခိုင်းတာ သခင်လေးကို
တကယ်သဘောမကျလို့ထင်တယ် သခင်လေးအတင်းတွယ်ကပ်နေရတာလား ဗျာ "

" တစ်ဖက်သတ်"

ဖောင်းး ခနဲမြည်အောင် ပိတ်တီးချလိုက်ပြီး

" အရူးတွေ အဲ့ဒါ ငါ့ချစ်သူသိမ်ငယ်နေတာကွ
စဥ်းစားကြည့်လေ မင်းတို့သခင်လေးက
ဥစ္စာပေါ ရုပ်ချော အိမ်တော်ကြီးကဟိန်းလို့
အစ်ကိုသက်တင်ခမျာ ဆရာဝန်ဆိုတဲ့ဂုဏ်
ကလွဲ ဘာများရှိလို့လဲ အိမ်လေးကိုလည်း
ကြည့်ဦး တစ်ထပ်တိုက် အပုလေး ငါ့ကို
ဝင်ခိုင်းဝံ့ပါ့မလား "

မလွန်ဆန်ဝံ့သူWhere stories live. Discover now