Episode 35

8.9K 401 154
                                    

အပြစ်ပေးခံရတဲ့ ရွေးခမျာ အခန်းထဲကအခန်းပြင်ထွက်ခွင်မရခဲ့ အစားသောက်အတွက် အန်တီဝါလာပို့ပေးတာကလွဲရင်
ဘယ်သူမှလည်း ဝင်ခွင့်မရပါ ဒီတစ်ခေါက် ကိုကိုက ရွေးကိုတကယ်သတ်ပစ်ချင်ခဲ့တယ်ထင်တယ် သိပ်ကိုခြောက်ခြားစရာပဲ

ဒါပေမဲ့ဒီနေ့တော့ ဧည့်ခန်းကိုပြန်လည်ခြေချခွင့်ရခဲ့တယ် အန်တီဝါ အလောတကြီး ရွေးရှိရာအပေါ်ထပ်ဆီတက်လာပြီး အားနာသလို ပူပန်သလိုအပြုမူမျိုးနဲ့ ရွေးကိုတောင်းဆိုခဲ့တယ် အကြောင်းက........

ဖေဖေလာလည်တာမို့ ဖေဖေ့ရှေ့မှာ သူ့ရဲ့မွေးစားသားအတွက် ကာပြောပေးစေချင်ပုံ
ပါပဲ ရွေးလည်း ဘာဆိုဘာမှမပြောချင်သလို
ဘာကိုမှလည်း စိတ်ထဲမထားဖို့ဆုံးဖြတ်ပြီး
ပြီမို့ အရိုက်ခံထားရတဲ့ လက်မောင်း လည်ပင်းနဲ့ ခြေထောက်ကနီညိုရောင်အရာ
တွေမမြင်စေဖို့ အင်္ကျီအရှည်လည်ပင်းအစိနဲ့ ဘောင်းဘီအထူအရှည်ကို ဝတ်ဆင်ပြီးဆင်း
တွေ့ရတော့တယ် စကားလည်းပြောချင်စိတ်
ရှိမနေ.......

ဒါပေမဲ့ ရွေးဖေဖေကရွေးကို စိတ်မဝင်စားခဲ့သလို ဘာဆိုဘာမှလည်းမမေးမြန်းခဲ့ပါဘူး
မြေးဖြစ်သူ ရွေးနီမလေးနဲ့ကစားပေးပြီး ခဏနေတော့ ပြန်သွားတယ်လေ ရှင်းပြရသက်
သာသွားတာပေါ့

ပျင်းရိဖွယ် အခန်းထဲပြန်မဝင်ချင်သေးတာမို့ အန်တီဝါကျိုပေးထားတဲ့ နွားနို့ခွက်လေးကို အချိန်ဆွဲ သောက်နေတုန်းမှာပဲ........

" ဘယ်သူကထွက်လာခွင့်ပေးလိုက်လို့ ဧည့်ခန်းထဲရောက်နေတာလဲ "

ခွမ်း!

သက်တင်သံကြားတာနဲ့ အလိုလိုထိတ်လန့်
နေတဲ့ရွေးခမျာ အန်တီဝါအနောက်မှာအတင်းပြေးပုန်းလိုက်တာကြောင့်  နို့ခွက်ကိုတိုက်မိပြီး ကျကွဲသွားရပြန်တယ်

" တောက်! အမှိုက်ဖွဖို့ပဲသိတယ် "

" အင့် ဟင့် "

" မင်းကိုဘာလုပ်ရသေးလို့ငိုနေတာလဲ
နားညီးလို့အသံတိတ်စမ်း "

ကြောက်အားလန့်အားနဲ့ ဖန်ကွဲစတွေကို
လက်ဗလာနဲ့ဒီတိုင်း ပြန်သန့်ရှင်းဖို့ကြိုးစား
ချင်နေတဲ့ရွေးကို အန်တီဝါကဆွဲပြီး ဆိုဖာမှာ
ထိုင်နေစေတယ်

မလွန်ဆန်ဝံ့သူWhere stories live. Discover now