Episode 20

8.4K 372 50
                                    


မနက်ပိုင်းဆိုစောစောထခဲ့ရတဲ့နေ့ရက်တွေ
က အသဲကွဲပြီးနောက်ပိုင်းတစ်ရက်လေးမှ
ရှိမနေတော့ ညဘက်အမြဲနောက်ကျမှအိပ်
ပြီး မနက်ဆိုလည်းနေမြင့်မှသာနိုးထနိုင်တယ်
ဘယ်သူကမှလည်း အတင့်ရဲပြီး အနှောက်ယှက်လာမပေးတာလည်းပါတာပေါ့

တစ်နေကုန်တစ်နေခမ်း ပျော်ပါးတယ် သောက်စားတယ် အလောင်းကစားလေးက
မပါမဖြစ် ခေါ်ထားတဲ့ကောင်မလေးတွေကို
ခေါင်းစခြေဆုံး အလှဆုံးပြင်ဆင်စေပြီး
မနည်းလှတဲ့ငွေကြေးအထောက်ပံ့တွေပေး
ထားသေးတယ် ဒါတွေရဲ့ပန်းတိုင်ကစိတ်အခြေနေပြန်ကောင်းလာစေရန် လုပ်ချင်ရာ
အကုန်လုပ်နေပေမဲ့လည်း ပျော်ရွှင်မှုကတစတလေမှ ပြန်ရမလာခဲ့.........

" ကျမရဲ့နေမင်းကြီး ဘာဖြစ်ရပြန်တာလဲ
နိုးနိုးချင်းစိတ်မကြည်မလင်ဖြစ်ပြန်ပြီလား "

" မင်းကိုဒီနေ့ခ မပေးထားဘူးထင်တယ်
ဘာလို့တစ်နေကုန်အလကားပြုစုနေရတာလဲ မေဘယ်လ် "

" ကျမတွက် ပိုက်ဆံဆိုတာမျိုးမလိုအပ်ဘူး
ရွေးနေဝန်းသာဆိုတဲ့ ရှင်ပဲလိုအပ်တယ် "

" ရူးတဲ့ထဲမှာ ဘယ်လိုအမျိုးစားကအဆိုးဝါးဆုံးလဲသိလား ငါတို့လိုအချစ်ရူးတွေပဲ "

" ရူးလို့အကောင်းဆုံးကလည်း အချစ်ပဲလေ
ကို ရယ် "

ရင်တစ်ပိုင်းပြတ်ဝတ်စုံအကြပ်ကိုမှ ပေါင်
လယ်လောက်သာရှိတဲ့အတွက် အချိုးစားလှပပြေပျစ်တဲ့ မိန်းမလှလေးမို့ သိပ်ကို ဆွဲဆောင်မှုရှိတာထက်ပိုတယ် ပြစ်မျိုးမှဲ့မထင်အလှဆိုတာ ဒါမျိုးကိုပြောတာဖြစ်မယ်ထင်

ပေါင်တံခြေတံသွယ်သွယ်နဲ့ လှလှပပလျှောက်လှမ်းလာပြီး အရက်နာကျနေတဲ့
ရွေး ရဲ့ရင်ခွင်ထဲခိုဝင်လာလေတော့......

" ဟားး မင်းကဘယ်လိုတောင်ပျက်စီးနေရ
တာလဲ မေဘယ်လ်ရယ် ပြုပြင်ပေးမဲ့သူမရှိ
ဘူးလားကွာ "

" ရှိတာပေါ့ ကို ရယ် ကျမအစ်ကိုက သိပ်ကိုကြောက်ဖို့ကောင်းတာသိရဲ့လား ဒါပေမဲ့သူ
ပြုပြင်ပေးလို့ရတဲ့ထဲ ရှင့်ကိုချစ်တဲ့စိတ်မပါ
ဘူး အခုကျမကိုသူလက်လွှတ်လိုက်ပြီလေ "

မလွန်ဆန်ဝံ့သူWhere stories live. Discover now