•3•

10.5K 1.1K 14
                                    


Unicode

ရှောင်းကျန့်ဘဝမှာ တစ်သက်နဲ့တစ်ကိုယ်ထူးဆန်းတာမျိုးကြုံဖူးခဲ့ပြီ။ ဝမ်ကျောက်ယွီရဲ့အငယ်ဆုံးသားက ဝမ်ရိပေါ်ဖြစ်နေခဲ့တယ်။ အဲ့ဝမ်ရိပေါ်ဟာ သူ့ရည်းစားဟောင်းလည်းထပ်ဖြစ်တယ်။ အပေါ်ထပ်မှာ အခန်းတစ်ခန်းခြားတယ်ဆိုရုံ သူတို့တွေတစ်အိမ်ထဲမှာပါနေနေကြတယ်။

ဒီတိုင်းဆက်သွားလို့တော့မဖြစ်ဘူး သူအမြန်ဆုံးနေစရာရှာသင့်နေပြီမှတ်လား

ရှောင်းကျန့်က ခုနထဲကထိုင်နေခဲ့တာဖြစ်ပြီး သူ့ bathrobe တောင်မလဲရသေးဘူးဖြစ်တယ်။ တံခါးခေါက်သံကြောင့် ဖွင့်လိုက်တော့ ဝမ်ရိပေါ်မျက်နှာကိုတန်းမြင်ရတယ်။ အကန်ခံထားရတာ တစ်နာရီတောင်မပြည့်သေးတဲ့ရုပ်!

" ထမင်းစားမယ်တဲ့ "

" နောက်တစ်ခါ မင်းလာစရာမလိုဘူး တစ်ခုခုဆို အလုပ်သမားတွေကိုလွှတ်လိုက် "

" ဖြစ်ရမယ်.. နောက်တစ်ခါလာခေါ်ပါအုံးဆိုတာတောင် ဝမ်ရိပေါ်တို့ကလည်းလာမနေဘူး လမ်းကြုံပါးလိုက်လို့ ဝင်ခေါ်တာ .. နေပါဦး အဝတ်ကဒီတစ်သက်မဝတ်တော့ဘူး ကျွန်တော့်ကိုတမင်သက်သက်ပြပြီး တစ်ခုခုလုပ်စေချင်နေတာလား "

" ဒီတစ်ခါသုံးစားမရအောင်ကန်ခံချင်နေပုံပဲ "

ဝမ်ရိပေါ်က သူ့အောက်ပိုင်းသူတစ်ချက်ငုံ့ကြည့်တယ်။ပြီးတော့ ဘာမှဆက်မပြောတော့ဘဲ ချောင်းတဟွတ်ဟွတ်ဆိုးပြပြီးထွက်သွားတယ်။

ရှောင်းကျန့်ကအဝတ်မြန်မြန်လဲဝတ်ပြီးနောက် အောက်ထပ်ကထမင်းစားခန်းထဲထိလျှောက်လာတော့ ဝမ်ရိပေါ်က ခရင်းတစ်ချောင်းနဲ့ ဟိုထိုးယူဒီထိုးယူလိုက်မြည်းနေပြီး ပုံစံက သူ့ကိုစိတ်ပျက်သွားအောင်တမင်လုပ်နေတာနဲ့တောင်တူတယ်။ သူတို့တွေတစ်အိမ်ထဲတောင်နေတာ မလုံလောက်သေးလို့ ထမင်းအတူစားရမယ်တဲ့လား

ဟင်းပွဲတွေချပြီးပြင်ဆင်နေတဲ့အမျိုးသမီးသုံးယောက်လောက်ထဲကသိနေပြီးဖြစ်တဲ့အလုပ်သမားခေါင်းဆောင်ဆိုသူကို ရှောင်းကျန့်က ပြောလိုက်တယ်။

MELLOW REVENGE《 Completed 》Where stories live. Discover now