Unicodeရှောင်းကျန့်က သူ့ချစ်သူနဲ့လမ်းခွဲပြီး သုံးလအကြာမှာတရုတ်ကိုပြန်လာခဲ့တယ်။ ရည်းစားဟောင်းဆိုသူက တရုတ်ကိုပြန်သွားသည်မှာ သူနဲ့လမ်းခွဲပြီးပြီးချင်းလို့ ကြားခဲ့ရသေးတယ်။
ဒီအကြောင်းကိုဂရုလည်းမစိုက်သလို ရှောင်းကျန့် သိလည်းမသိချင်ပါဘူး။ နားရှိလို့သာကြားခဲ့ရတာ .. ဝမ်ရိပေါ်ကိုဘယ်ကိုလွင့်လွင့် သူ့အတွက်ဘာအရေးလဲ?
...
နောက်နှစ်ရက်နေရင် ရှောင်းကျန့်အသက်ကနှစ်ဆယ့်ရှစ်နှစ်ပြည့်တော့မှာဖြစ်တယ်။ အရွယ်နဲ့မလိုက်အောင်နုပျိုနေဆဲဖြစ်တဲ့ဖြစ်တဲ့သူ့ကို ပတ်ဝန်းကျင်ကချီးကျူးပေမယ့် ရှောင်းကျန့်ကတော့ တစ်နှစ်ပြီးတစ်နှစ်ကြီးလာတဲ့သူ့အသက်ကို ပူပန်နေရတယ်။ သူ့မှာခြောက်နှစ်လောက်ငယ်တဲ့ကောင်လေးရှိလို့လေ။
သူ့အသက်ကတဖြေးဖြေးကြီးလာပြီ ငယ်ရွယ်လွန်းပြီးသန်မာဖျက်လတ်တဲ့ကောင်လေးနဲ့သူက ဆက်ဆံရေးတစ်ခုကိုတည်ဆောက်ထားတာဖြစ်တယ်။
သူများနိုင်ငံရဲ့ကျောင်းမှာ ပါမောက္ခဘွဲ့အတွက် ရှောင်းကျန့်ကစာတွေနင်းကန်ကြိုးစားနေရဲ့ကြားထဲ သူ့နောက်ကိုအသေအကြေလိုက်ခဲ့တဲ့ဝမ်ရိပေါ်နဲ့ချစ်သူပါဖြစ်သွားတယ်။ သူတို့တွေကျောင်းမှာလည်းတွေ့ကြတယ် တိုက်ခန်းတစ်ခန်းမှာလည်း အတူနေခဲ့ကြတယ်။
အစပိုင်းတော့ သူတို့ဆက်ဆံရေးတွေကောင်းခဲ့ပါတယ်။ ရှောင်းကျန့်က မအားလပ်တဲ့အခါ သူ့ခြောက်နှစ်ငယ်တဲ့ကောင်လေးအပေါ်အချိန်တွေမပေးနိုင်တော့ဘူး။ အချိန်တွေမပေးနိုင်ကြောင်းကိုအစောကြီးထဲကညှိနိုင်ပြီးသားဖြစ်ပြီး ဒါကိုဝမ်ရိပေါ်လည်းသဘောတူခဲ့တယ်။
စာကြည့်တိုက်မှာအတော်လေးအချိန်ကုန်ပြီးမှရှောင်းကျန့်က သူ့တိုက်ခန်းကိုပြန်ရောက်လာတတ်တယ်၊ အဲ့ဒီအခါ မီးအမှောင်ကျနေတဲ့တိုက်ခန်းကကြိုဆိုပြီး ဝမ်ရိပေါ်ပြန်မလာသေးကြောင်းအသိပေးပြန်တယ်။ သူတို့တွေညစာတောင်အတူမစားဖြစ်တော့ဘူး။