•25•

7.8K 866 23
                                    


Unicode

နောက်ရက်ကျတော့ပြောတဲ့အတိုင်း ဥက္ကဌကြီးကရောက်လာတယ်။ တစ်ယောက်ထဲမဟုတ်ဘဲဇနီးနဲ့သမီးပါ ပါလာတာကိုမြင်တော့ ဝမ်ရိပေါ်ဟက်ခနဲရယ်ချတယ်။ ရှောင်းကျန့်ကိုတော့ပြန်ခေါ်မှာမဟုတ်ဘူးမှတ်လား။

အိမ်ထဲမှာလူကြီးတွေစကားပြောနေတယ် ၊ ​အိမ်အပြင်ရဲ့တိုင်ကိုမှီပြီးဝမ်ရိပေါ်ကလက်ပိုက်လို့ရပ်နေတယ်။ သူ့မျက်လုံးတွေကတော့ ခြံထဲမှာရှိနေတဲ့ရှောင်းကျန့်နဲ့ ထိုအမျိုးသမီးဆီမှာ။

ဘာတွေပြောနေကြလဲဆိုတာကို ဝမ်ရိပေါ်မကြားရဘူး။ တစ်ခါတစ်ခါလှည့်ကြည့်လာတတ်တဲ့ရှောင်းကျန့်မျက်နှာကတော့ ပြုံးနေတယ်။ ယုံကြည်ပေးပါ ဆိုတဲ့အဓိပ္ပါယ်ပါတဲ့မျက်ဝန်းတွေကတော့ သူ့ကိုသက်သာရာရစေပါတယ်။

မိနစ်နှစ်ဆယ်လောက်ကြာသွားတဲ့နောက်မှာ ဝမ်ရိပေါ်လက်ပိုက်တာကိုဖြုတ်လိုက်တယ် ၊ မှီထားတဲ့ခန္ဓာကိုယ်လည်းမတ်လိုက်ပြီး ခြေလှမ်းတွေက ရှောင်းကျန့်ဆီဦးတည်တယ်။ ပြန်လျှောက်လာတဲ့သူမနဲ့ ထိပ်တိုက်ဆုံတော့ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ရင်း ဖြတ်သွားတယ်။

ဟုတ်တာပေါ့ ၊ သူတို့နှစ်ယောက်ကြားမှာပြုံးပြစရာအကြောင်းမှမရှိဘဲ။

ခြံထဲမှာ ရှောင်းကျန့်နဲ့ ဝမ်ရိပေါ် နှစ်​ယောက်ထဲကျန်ခဲ့တယ်။ ဘာစကားမှမစခင် ရှောင်းကျန့်ခန္ဓာကိုယ်ကို သူဆွဲဖက်လိုက်ပြီး ကျောပြင်ကိုခပ်ဖွဖွပွတ်သပ်ပေးတော့ ပခုံးပေါ်ခေါင်းမှီချလာတယ်။

ခုနအချိန်ထိမတ်မတ်ရပ်ခဲ့တဲ့ ရှောင်းကျန့်က အခုမှာ သူ့ပခုံးပေါ်တိုးဝင်မှီကပ်လို့ငြိမ်နေတဲ့ ကြောင်ပေါက်လေးအသွင်ပြောင်းသွားတယ်။

ဝမ်ရိပေါ်ကလည်း အလိုက်သိစွာ နှစ်သိမ့်ပေးပြီး ပင်ပန်းမှုကိုလျော့နိုင်သမျှလျော့ချအောင်လုပ်ပေးတယ်။ သူ့ပါးစပ်ကတဖွဖွရေရွတ်နေတဲ့ " အဆင်ပြေသွားမှာပါ " ဆိုတဲ့စကားလုံးက ရှောင်းကျန့်အပေါ် သက်ရောက်မှုရှိလိမ့်မယ်လို့ယုံတယ်။

...

" ဟိုးအစထဲက တွဲခဲ့တဲ့လူက ရှောင်းကျန့်မှန်းမသိဘူး ၊ ဒီကောင်ကလည်းမပြောဘူးလေ အခုမှပြဿနာတွေရှာသွားပြီး ထွက်ပြေးသွားကြတယ် "

MELLOW REVENGE《 Completed 》Where stories live. Discover now