•18•

7.7K 886 16
                                    


Unicode

ညကိုကျော်လွန်ပြီးမနက်နှစ်နာရီကျော်သွားပြီ။ မီးမဖွင့်ထားတဲ့တိုက်ခန်းကမှောင်ပိန်းနေခဲ့တယ်။ ရှောင်းကျန့်က ပြန်လာထဲကအဝတ်အစားလည်းမလဲခဲ့သလိုတစ်ရေးမှလည်းမအိပ်ရသေးဘူး။ သူ့တစ်ကိုယ်လုံးက အရက်နံ့တွေနဲ့စွဲကပ်နေပြီး ပင်ပန်းနွမ်းလျမှုဒဏ်တွေနဲ့ပြည့်သိပ်လို့နေတယ်။

လှဲအိပ်နေတဲ့ကုတင်ပေါ်ကနေထလိုက်ပြီးရေချိုးခန်းထဲဝင်တော့ မီးကိုဖွင့်လိုက်တယ်။ ရေနဲ့မျက်နှာတစ်ခုလုံးသစ်ပစ်ပြီးတဲ့နောက် သူ့ဆံပင်တွေလည်းစိုစွတ်သွားတယ်။ မှန်ထဲမှာရှိနေတဲ့ရှောင်းကျန့်မျက်နှာက လန်းဆန်းတဲ့အငွေ့အသက်တို့ပျောက်ဆုံးနေပြီး မျက်ခွံတွေလည်းမို့မောက်နေတယ်။

သူ တကယ်ပင်ပန်းနေပြီဖြစ်တယ်။

ဗိုက်ထဲမှာအစာမရှိမှန်းသိပေမယ့်လည်း သူကရေခဲသေတ္တာထဲကဘီယာဘူးကိုပဲဆွဲယူလိုက်တယ်။ ဒါကဝမ်ရိပေါ်နဲ့အတူစျေးဝယ်ခဲ့တုန်းက ဝယ်ထည့်ထားခဲ့တာတွေ။ ပစ်ထုတ်ချင်တဲ့စိတ်မရှိတာကြောင့်ဖောက်သောက်လိုက်ပြီး ကြမ်းပြင်ပေါ်ဒီတိုင်းထိုင်ချတယ်။

ဝမ်ရိပေါ်သာရှိရင် သူ့အတွက် အမွှေးပွအခင်းကိုဆွဲယူပေးလိမ့်မယ်။

ရှောင်းကျန့်စိတ်ထဲမှာခံစားနေရတာတွေက ရှုပ်ထွေးနေပြီးအစရှာမရတဲ့ကြိုးထုံးတွေလိုပဲ။ သူက များစွာတဲ့သီအိုရီတွေနဲ့ပုံသေနည်းတွေကိုဖြေရှင်းနိုင်တတ်ခဲ့ပေမယ့် ဒီခံစားချက်တွေကိုတော့ မဖြေရှင်းနိုင်ဘူး။

သူတို့နှစ်ယောက်က ဘယ်နေရာကနေစမှားခဲ့လဲဆိုတာလည်းမသိတော့ဘူး။

ဘီယာကလည်ချောင်းထဲတစ်လျှောက်စီးကျသွားပြီး ရှောင်းကျန့်ကငိုတယ်။ ဝမ်ရိပေါ်ထားခဲ့တုန်းကလိုထက် ပိုပြီးနာကျင်နေတာဖြစ်တယ်။ တကယ်သာဆို သူပျော်နေရမှာ။ ဝမ်ရိပေါ်ရှေ့မှာကောင်းကောင်းမွန်မွန်ရှင်သန်ပြသွားရမှာ။

မီးအမှောင်ချထားတဲ့အိမ်ထဲကနေ ပြတင်းပေါက်အပြင်က တလတ်လတ်ဖြစ်နေတဲ့ကြယ်တွေကိုငေးတယ်။ ပြီးတော့ ရှောင်းကျန့်က ကြယ်ဖြစ်ချင်တယ်လို့ တွေးမိသွားတယ်။ များစွာတဲ့ကြယ်တွေထဲမှာသူပုန်းနေခဲ့ရင် ဝမ်ရိပေါ်ကရှာလို့တွေ့နိုင်မှာမဟုတ်တော့ဘူး။

MELLOW REVENGE《 Completed 》Where stories live. Discover now