Unicode၂၄နာရီဖွင့်ထားသောဆိုင်ထဲတွင် သူတို့ရောက်နေတာဖြစ်တယ်။ ကားကိုရှေ့မှာရပ်ထားခဲ့ပြီးအသုံးလိုမယ့်ပစ္စည်းနဲ့ အစားအသောက်အစသူတို့ကဝင်ဝယ်တယ်။ သူတို့က ချုံချင်းမြို့ထဲကိုတောင်ဝင်လာပြီ၊ မနက်ငါးနာရီရှိသွားပြီး ကားမောင်းတဲ့ဝမ်ရိပေါ်ကတော့တစ်ရေးမှမအိပ်ရသေးဘူး။
ရှောင်းကျန့်က snack တွေကြိုက်တတ်တဲ့လူမို့ ကြိုက်လောက်တဲ့ဟာတွေ တွေ့သမျှအကုန်ထည့်ရင်းခြင်းထဲမှာပြည့်ကုန်တယ်။
" သွားပွတ်တံ "
" အင်း "
အရောင်မတူတဲ့သွားပွတ်တံနှစ်ချောင်းနဲ့ခွက်နှစ်ခွက်ကခြင်းထဲရောက်တယ်။ ဘီယာတစ်ကဒ်ကိုလည်းဆွဲယူဖို့မမေ့။ မိဘတွေအတွက်ဆိုပြီး လတ်ဆတ်တဲ့သစ်သီးလည်းသူတို့ယူတယ်။
အင်္ကျီကတော့ ရှောင်းကျန့်က ခိုးထွက်လာထဲကဆေးရုံအဝတ်အစားတွေချွတ်လဲခဲ့တာမို့ သူတို့က အဝတ်တစ်ထည်ကိုယ်တစ်ခုနဲ့။ ရှောင်းကျန့်ကတော့ပြောပါတယ်၊ မိဘအိမ်မှာ သူ့အဝတ်အစားတွေရှိသေးတယ်တဲ့။
အိပ်ယာပေါ်ကပစ္စည်းတွေရှေ့ရောက်တဲ့အခါမှာတော့သူတို့နှစ်ယောက်လုံးရပ်မိသွားတယ်။ ပြီးတော့ ရှောင်းကျန့်က စတော်ဘယ်ရီအနံ့နဲ့ lubricant ကိုအရင်ယူသွားတာကြောင့် ဝမ်ရိပေါ်လည်း သူ့ size အတိုင်းကွန်ဒုံးဘူးတွေယူလိုက်တယ်။
ငွေရှင်းကောင်တာက ကလေးမလေးနှစ်ယောက် က အထုပ်ကြီးအထုပ်ငယ်ဆွဲသွားတဲ့ ဝမ်ရိပေါ်နဲ့ရှောင်းကျန့်ကို ဆိုင်ပြင်ထွက်သွားတဲ့အထိငေးရင်းကျန်ခဲ့တယ်။
" ကျန့်ကော ဆက်အိပ်လိုက် .. နေရာရောက်ရင်နှိုးလိုက်မယ် "
" ငါမောင်းမယ် မင်းနားတော့ "
" သိပ်မှမလိုတော့တာ အိမ်ရောက်မှနားတော့မယ် "
ကားကစထွက်နေပြီး ဝမ်ရိပေါ်သုံးသွားတဲ့ ' အိမ် ' ဆိုတဲ့စကားလုံးက ရှောင်းကျန့်ရင်ထဲကိုနွေးသွားစေတယ်။ သူတို့နှစ်ယောက်က အိမ်ကိုအတူတူပြန်နေတယ်၊ အားလုံးနဲ့ဝေးရာကိုထွက်လာပြီး ဒါက ပြန်လှည့်လို့မရတဲ့ခရီးတစ်ခုမှန်းနှစ်ယောက်လုံးသိတယ်။ ဒီအတွက် နောင်တရမှာမဟုတ်ဘူးဆိုတာကိုလည်း ယုံကြည်ကြတယ်။