•21•

7.5K 867 24
                                    


Unicode

ရေချိုးပြီးတာနဲ့အောက်ကို ရှောင်းကျန့်ပြန်ဆင်းလာတော့ စားဖို့အတွက်ထမင်းဝိုင်းကိုမားက သေချာချက်ပြုတ်ပြင်ဆင်နေတာကိုတွေ့လိုက်ရတယ်။ ရှောင်းကျန့်အမေက ရောက်လာတဲ့ရှောင်းကျန့်ကိုမြင်တာနဲ့မေးတယ်။

" ဟိုကလေးရော "

" အိပ်နေတုန်း သူတစ်ညလုံးကားမောင်းထားရလို့ "

" မင်းအဖေဆီ ခုနဥက္ကဌဝမ်ဆီကဖုန်းလာတယ်၊ စကားသွားပြောကြည့်လိုက်အုံး "

" ဟုတ် "

ထမင်းစားခိုင်းနဲ့ဧည့်ခန်းကတိုက်ရိုက်ဖြစ်နေတာကြောင့် ရှောင်းကျန့်ကလျှောက်လာပြီး ထိုင်နေကျဆိုဖာပေါ်မှာပါးကထိုင်နေတာမို့ လွတ်နေတဲ့ခုံမှာဝင်ထိုင်ရတယ်။ TV မှာလည်း ညနေတိုင်းလာနေကျ တရုတ်နန်းတွင်းကားလာနေတယ်။

တိုင်းရင်းဆေးဖော်ရာတွင်သုံးတဲ့ ဆေးမြစ်တစ်ချို့ကိုသူ့အဖေက စစ်ဆေးပြီးခွဲနေတာဖြစ်တယ်။ ရှောင်းကျန့်က လည်ချောင်းတစ်ချက်ရှင်းလိုက်ပြီး

" ဥက္ကဌဝမ် ပါးကိုဘာပြောလဲ "

သူ့အဖေကမျက်မှန်ကိုဆွဲချွတ်ပြီး ခုံပေါ်တင်တယ်။ လက်ထဲကခွဲပြီးသွားတဲ့ဆေးမြစ်တွေကိုဘူးတွေထဲထည့်ပြီးလေမဝင်အောင်သေချာပိတ်ရင်းနဲ့ဖြေတယ်။

" ဘာပြောရမှာလဲ ဝမ်ရိပေါ်အဲ့ဒီမှာရှိတယ်မှတ်လားတဲ့၊ နောက်နှစ်ရက်လောက်နေရင် သူကိုယ်တိုင်လာမယ်ပြောတယ်၊ မင်းကို သူ့သမီးနဲ့သဘောတူထားတာဆို . .  ဝမ်မိသားစုဘက်မှာအခြေအနေတွေကတော့ ရှုပ်ထွေးနေတဲ့ပုံပဲ "

သက်ပြင်းချသံကြောင့်ရှောင်းကျန့် တောင်းပန်သလိုကြည့်မိတယ်။ လူကြီးတွေလည်းရုတ်တရက်ဖြစ်သွားတဲ့ကိစ္စအပေါ်အံ့သြတာမျိုးရှိပေမယ့် အခုထိသူ့အပေါ်အပြစ်တင်စကားတစ်ခွန်းမဆိုဘူး။

မားရောပါးရော သူ့အပေါ်ဘယ်လိုသဘောထားလဲဆိုတာအသိဆုံး၊ ဥက္ကဌဝမ်ရောက်လာရင်တောင် သူမတို့ကရှေ့ကနေကာကွယ်ပေးကြလိမ့်မယ့်လူမျိုးတွေ။

" တကယ်တော့ ရိပေါ်နဲ့ကကျောင်းသွားတက်ထဲက တွေ့ခဲ့တာ .. အဲ့တုန်းက ပြဿနာလေးနည်းနည်းရှိခဲ့လို့ အဆင်မပြေတာနဲ့ ဒီလိုတွေကိစ္စတွေအများကြီးဖြစ်သွားတယ် "

MELLOW REVENGE《 Completed 》Where stories live. Discover now