•24•

7.6K 817 6
                                    


Unicode

လမ်းထိပ်က စတိုးဆိုင်ရှေ့မှာ ဝမ်ရိပေါ်နဲ့ရှောင်းကျန့်ထိုင်နေတယ်။ သူတို့ကြားထဲမှာတော့ ဦးထုပ်နောက်ပြန်ဆောင်းထားတဲ့ကလေးကလက်ထဲကရေခဲမုန့်ကို ပျော်ပျော်ကြီးထိုင်စားနေပြီး ခြေတိုလေးတွေကိုလှုပ်ခါတယ်။

" ပေကုန်ပြီ "

ပါးဖောင်းဖောင်းပေါ်က ရေခဲမုန့်တစ်ချို့ကို ရှောင်းကျန့်ကသုတ်ပေးတော့ ကျစ်ခနဲစုတ်သပ်သံကဝမ်ရိပေါ်ဆီကထွက်တယ်။ လွန်ခဲ့တဲ့မိနစ်အနည်းငယ်တုန်းထဲက ဒီစောက်ကလေးက ကျန့်ကောကို သူ့ဆီကနေလုယူသွားတာ။

တိုင်မယ်ဆိုပြီး နှုတ်ခမ်းတထော်ထော်နဲ့အော်နေလို့ မုန့်ကျွေးမယ်ဆိုပြီးခေါ်လာရတယ်။ ရှောင်းကျန့်တို့အိမ်ဘေးကလင်မယားက သူချုံချင်းကထွက်သွားတဲ့အချိန်အတောအတွင်းမှာဒီကလေးလေးကိုမွေးလိုက်တာဖြစ်မယ်။ ဘယ်ဘဝကရန်သူမှန်းမသိဘူး၊ ဒီငါးနှစ်ကလေးနဲ့ ဝမ်ရိပေါ်ကမြင်ထဲကမတည့်ကြတာဖြစ်တယ်။

ရှောင်းကျန့်က နှစ်ယောက်ကိုယှဥ်ကြည့်ပြီး အကျင့်ရော၊ မျက်နှာရောတစ်ရုပ်ထဲလို့ပြောလို့ခုနကလည်းဆူညံပြီးသွားပြီ။

" မင်း မာမားကဘယ်ချိန်ပြန်လာမှာလဲ "

ကလေးရဲ့ခပ်အိအိပါးတစ်ဖက်ကို ဝမ်ရိပေါ်လည်းအသည်းယားနေတာ၊ လှမ်းဖျစ်ပြီးမေးလိုက်တော့ နှုတ်ခမ်းကထော်တယ်။ ကျန့်ကောသာကိုင်ရင် ဒီလိုမဟုတ်ဘူး။ ခွဲခြားခွဲခြားနဲ့။

" အလုပ်ပြီးရင် "

" အလုပ်ကဘယ်ချိန်ပြီးမှာလဲ "

" ဖြေရတာမောလာပြီ "

ဒီစောက်ကလေး လို့ သူကဆဲလိုက်ပေမယ့် ရှောင်းကျန့်ကထရယ်ပြီး ' ချစ်ဖို့ကောင်းလိုက်တာ ' ဆိုတာကိုရွတ်တော့တာပဲ။ ဒီမျက်ပေတုံးကဘယ်နားကချစ်ဖို့ကောင်းနေလို့လဲ?

ဝမ်ရိပေါ်ကကလေးတွေမချစ်ဘူး၊ အဲ့တာက မွေးကင်းစတွေမပါပေမယ့် သုံးနှစ်နဲ့ငါးနှစ်ကြားကကလေးတွေက ဘယ်လောက်တောင်စိတ်ရှုပ်စရာကောင်းလိုက်လဲ။ သူတို့ကအနားမှာလာပြီးရှုပ်ဖို့ပဲသိတာ၊ အလိုမကျရင်လည်း သူတို့လက်တွေနဲ့ရိုက်တာကိုခံရအုံးမယ်။

MELLOW REVENGE《 Completed 》Where stories live. Discover now