Germany , Berlin
Oops! Questa immagine non segue le nostre linee guida sui contenuti. Per continuare la pubblicazione, provare a rimuoverlo o caricare un altro.
စတွေ့ခဲ့တဲ့နေရာ ၊ စချစ်ခဲ့တဲ့နေရာ ၊ ပထမဆုံးဆိုတဲ့အရာတွေဖယ်လှယ်ခဲ့တဲ့နေရာကို ဝမ်ရိပေါ်ရော ရှောင်းကျန့်ရော ပြန်လှည်ရောက်ရှိလို့လာခဲ့တယ်။
တိုက်ခန်းကိုပြန်ဝယ်နိုင်ခဲ့ပြီး အတူနေထိုင်ကြတယ်။ ဘေးခန်းက ဂျာမနီလင်မယားကအသက်ပိုကြီးသွားပြီး သူတို့ကိုပြန်တွေ့ရတော့ ဝမ်းသာအားရကြိုဆိုကြတယ်။ အချစ်တွေဝန်းရံခြံရံနေတဲ့ရပ်ဝန်းကြောင့် အရာအားလုံးဟာ အေးချမ်းချိုမြိန်စွာ။
ရှောင်းကျန့်က ပါမောက္ခအဖြစ်နဲ့ဆက်လက်ပြီးလုပ်ကိုင်တယ်။ ဝမ်ရိပေါ်က စီးပွားရေးလုပ်ငန်းနဲ့အခြေချပြီး ဦးစီးဆောင်ရွက်တယ်။ တိုက်ခန်းရဲ့ဝရံတာမှာ အပင်ပေါက်အိုးလေးတွေတဖြေးဖြေးများလာတယ်။ ဒါက သူတို့နှစ်ယောက်ရဲ့အချစ်အပင်လေးတွေ စိုက်ပျိုးထားတာဖြစ်တယ်။ ရှောင်းကျန့်က ဒီလိုတွေအယုံအကြည်ရှိတာမို့ အပင်လေးတွေရှင်သန်ဖို့ ဝမ်ရိပေါ်ကပါကြိုးပမ်းပေးတယ်။
စိတ်မကောင်းစရာအခြေအနေတစ်ခုကတော့ ကြုံတွေ့ခဲ့ရတယ်။ ဘေးခန်းက အသက်ကြီးကြီးလင်မယားမှာ နာမကျန်းဖြစ်နေတာကြာပေမယ့် ရုတ်တရက်ကြီးဆုံးသွားလိမ့်မယ်လို့မထင်ခဲ့ကြဘူး။ အဘိုးဖြစ်သူ ဆုံးပြီး နာရီခြားတာနဲ့ အဘွားကဆုံးပါးသွားတယ်။
သားသမီးတွေရောက်လာပြီး ငိုတဲ့အပြင် ရှောင်းကျန့်လည်း ရှိုက်ကြီးတငင်ငိုခဲ့တယ်။ ဝမ်ရိပေါ်လည်းစိတ်မကောင်း ၊ တသိမ့်သိမ့်တုန်ယင်နေတဲ့ခန္ဓာကိုယ်လေးကိုထွေးပွေ့လို့နှစ်သိမ့်ပေးတယ်။
ဒီအဘိုးအဘွားက တစ်ယောက်နဲ့တစ်ယောက်ဘယ်လောက်ချစ်ကြလဲဆိုတာကို သူတို့အသိပဲ။ တိုက်အောက်က သစ်ပင်လမ်းကြားထဲမှာ လက်တွဲလို့အတူလျှောက်တတ်ပြီး ဝမ်ရိပေါ်နဲ့ရှောင်းကျန့်ပြန်လာတိုင်း နှုတ်ဆက်တတ်တယ်။
