•28•

6.4K 730 28
                                    


Unicode

" ပုံမှန်အတိုင်းပဲ ဆက်ဆံပါ "

" ဟုတ်ပါပြီ "

ရှန့်ကျီက အနောက်တိုင်းဝတ်စုံကိုအပေါ်ကုတ်ချွတ်ထားပြီး အင်္ကျီလက်ကိုခေါက်တင်ထားတယ်။ ပြီးတော့ ရှောင်းကျန့်ရှိရာဘက်ကိုလျှောက်လာရင်း

" ပါမောက္ခရှောင်းလို လူတစ်ယောက်က ကျွန်တော့်ညီမထက် ဝမ်ရိပေါ်ကို ရွေးချယ်သွားတာ နောင်တမရမှာသေချာရဲ့လား "

" မင်း .. ကိုယ်တို့နှစ်ယောက်ရဲ့ဆက်ဆံရေးနဲ့ပတ်သတ်ပြီး ပြဿနာရှိလို့လား ? "

" ရှိတာပေါ့ ဝမ်ရိပေါ်က ဒီမိသားစုဝင်တစ်ယောက်ပဲလေ .. အကိုကြီးတစ်ယောက်အနေနဲ့ အရှက်ရတာမျိုးကို ကြည်ကြည်ဖြူဖြူလက်ခံရမှာလား "

အကိုကြီး? ရှောင်းကျန့်ရဲ့ရယ်သံက ရှန့်ကျီကိုရုပ်ဆိုးသွားစေတယ်။ ရှောင်းကျန့်က စိတ်ထဲကနေ ' အကိုတစ်ယောက်အနေနဲ့ရော ဆက်ဆံခဲ့ရဲ့လား ' လို့ပြောမိပေမယ့် သူ့ပါးစပ်ကနေပါ ခပ်တိုးတိုးထွက်သွားတယ်။ ရုတ်တရက် ရှန့်ကျီရဲ့လက်က သူ့လည်ပင်းအင်္ကျီစကိုဆွဲဆုတ်တယ်။

နီးကပ်နေတဲ့မျက်နှာက ရှူးရှူးရှဲရှဲဒေါသတွေအပြည့်နဲ့

" မင်း ဘာပြောလိုက်တာလဲ! ငါကြားအောင်ပြောစမ်း ! သတ္တိမရှိဘူးလား .. အာ .. ဟုတ်သားပဲ ဝမ်ရိပေါ်နဲ့ပေါင်းပြီး ပါမောက္ခရှောင်းကပါ ဂေးတစ်ယောက်ဖြစ် .. "

စကားမဆုံးခင် ရှန့်ကျီက အထိုးခံလိုက်ရတယ်။ ရှောင်းကျန့်လက်သီးကထင်ထားတာထက်ပိုပြင်းသွားတာမို့ ပါးစောင်မှာချက်ချင်းညိုမဲသွားတယ်။

" မင်း ​.. ငါ့ကိုထိုးတယ် ? "

" ဘာလို့လဲ ထိုးလို့မရဘူးလား "

" ငါဘယ်သူလဲဆိုတာကို.. "

နောက်တစ်ချက်ထပ်အထိုးခံလိုက်ရတဲ့အခါမှာတော့ ရှန့်ကျီခန္ဓာကိုယ်က ရေကန်ရဲ့ဘောင်ခင်းပြားပေါ်လဲကျသွားတယ်။ ရှောင်းကျန့်က ဝတ်ထားတဲ့ အင်္ကျီကိုတစ်ချက်ဆွဲချလိုက်ပြီး နက်ခ်တိုင်ကိုဖြေလျော့တယ်။ လက်ကကြယ်သီးတွေကိုလည်းဖြုတ်လိုက်ပြီး ဆွဲတင်တယ်။

MELLOW REVENGE《 Completed 》Où les histoires vivent. Découvrez maintenant