Unicodeထမင်းစားခန်းထဲယောင်ချာချာနဲ့ ဝမ်ရိပေါ်ကဖင်အငြိမ်မနေဘဲထိုင်လိုက်ထလိုက်ဖြစ်နေတယ်။ အပေါ်ကနေ အားရီပြန်ဆင်းလာတဲ့အခါမှာတော့ မျှော်လင့်တကြီးနဲ့ဝမ်ရိပေါ်က မတ်တပ်ထရပ်ပြီး ယူသွားတဲ့အတိုင်းပြန်ပါလာတဲ့ ဆေးတစ်ချို့နဲ့စွပ်ပြုတ်ပန်းကန်ကိုတွေ့တဲ့အခါမှာတော့ မျှော်လင့်တာတွေရေစုံမျှောသွားသလိုမျက်နှာပြန်ပြောင်းသွားတယ်။
" အားရီ ဘယ်လိုဖြစ်လို့ပြန်ပါလာတာလဲ သူ့ကိုသေချာမကျွေးဘူးလား "
" သခင်လေးကမစားချင်ဘူးတဲ့တော် .. သူအိပ်မလို့ မနှောက်ယှက်ပါနဲ့တဲ့ "
" နေမကောင်းဖြစ်နေတာတောင် ဒီလူကတော့ "
ပြောလည်းပြော ဝမ်ရိပေါ်ကအစားနဲ့ဆေးထည့်ထားတဲ့ဗန်းကိုပြန်သယ်ပြီးတက်သွားတယ်။ မနေ့ညထဲက အဖျားတွေတက်ပြီးဖျားနေသူက ဆရာဝန်မခေါ်ခိုင်းတော့ သူမတို့လည်းမလုပ်ရဲဘူး။ ခြံထဲမှာရေစိုအောင်လုပ်တဲ့ သူမတို့သခင်လေးဝမ်ကတော့ ရှောင်းကျန့်ဖျားတာ သူ့ကြောင့်ဆိုပြီး ကိုယ့်ကိုကိုယ်ပြန်မထိုးရုံတမယ် တဖွဖွနဲ့ပြောတယ်။
ဒီလောက်ကွယ်ရာမှာဂရုစိုက်တတ်တာ တွေ့တာနဲ့ကျ ဘာလို့မျက်နှာချင်းဆိုင်မရအောင်မုန်းနေကြလဲသူမတော့ မတွေးတတ်တော့ဘူး။ ဒီခေတ်လူငယ်တွေကပဲနားလည်ရခက်လွန်းတာဖြစ်မယ်။
...
" ရှောင်းကျန့် ကျွန်တော်ဝင်လာပြီ! "
ပြောလည်းပြော အခန်းထဲရောက်လာတဲ့ဝမ်ရိပေါ်ကို ဝင်လာနဲ့လို့တောင်မတားလိုက်ရဘူး။ ထဖို့လုပ်နေတဲ့ရှောင်းကျန့်က ကျောပေးပြီးပြန်အိပ်သွားတယ်။ မျက်နှာကိုတောင်မမြင်ချင်ဘူးဆိုတာမျိုး။
" လာ အစားစားပြီး ဆေးသောက်လိုက် .. ကျွန်တော်ကိုယ်တိုင်လာတာကိုမျှော်လင့်နေတာမှတ်လား အခုရောက်လာပြီလေ ထစမ်းပါ "
ဝမ်ရိပေါ်ရဲ့ ရှောင်းကျန့်အပေါ်မှာခြုံထားတဲ့စောင်ကိုပုတ်ချလို့ပြောတယ်။ တင်းတင်းဆွဲခြုံထားတဲ့စောင်နဲ့အတူ ရှောင်းကျန့်ကတော့တုတ်တုတ်မလှုပ်ဘူး။ ထိုအခါမှာတော့ ဝမ်ရိပေါ်က မွေ့ယာပေါ်ဒူးထောက်တက်လာရင်းပင် တစ်ဖက်က ရှောင်းကျန့်နဖူးကို လှမ်းပြီးစမ်းလိုက်တယ်။