Unicodeဘောပင်ကိုလက်ချောင်းတွေထဲထည့်လှည့်နေရာကနေ နှုတ်ခမ်းကိုရှေ့ထုတ်လိုက်ပြီးအဲ့ပေါ်တင်ပြန်တဲ့ ဝမ်ရိပေါ်က တစ်ချိန်လေးမှလည်းအငြိမ်မနေဘူး။ ရှောင်းကျန့် ကတော်သားပဲ.. သူ့ကိုလုံးဝကိုလျစ်လျူရှုထားနိုင်တယ်။
" ဒီနေ့တော့ ဒီလောက်ပဲ "
ပြုံးပြီးနှုတ်ဆက်တဲ့နောက် အတန်းထဲကကောင်မလေးတွေဆီငြင်းငြူသံကိုကြားလိုက်ရတယ်။ သူတို့ကရှောင်းကျန့်လို ပါမောက္ခတစ်ယောက်နဲ့တော့အချိန်ဘယ်လောက်ကုန်ကုန် ကုန်ပါစေဆိုတာမျိုး။ အသက်ငယ်ဆုံးပါမောက္ခဆရာတစ်ယောက်ဖြစ်တဲ့ရှောင်းကျန့်ကတော့ ရှေ့လျှောက်နာမည်တွေကြီးတော့မယ်။
" ဖြေးဖြေးထွက်စမ်းပါ ဘယ်သွားမလို့လဲ "
" မင်းတို့စားနှင့်လိုက် ငါ့ကိုမစောင့်နဲ့တော့ "
ဝမ်ရိပေါ်က ကျော်ခွပြီးအခန်းထဲကပြေးထွက်သွားတယ်။ ခပ်လှမ်းလှမ်းမှာခြေလှမ်းမြန်မြန်နဲ့လျှောက်နေတဲ့ ရှောင်းကျန့်ကိုတွေ့ရသေးတာကြောင့် ဝမ်ရိပေါ်ကအမှီလိုက်လိုက်တယ်။ သူတို့က အိမ်မှာမဟုတ်ဘဲ ကျောင်းမှာဖြစ်နေတဲ့ သူတို့ဆက်ဆံရေးက အများအမြင်မှာ ဆရာနဲ့ကျောင်းသားဖြစ်တယ်။ ဝမ်ရိပေါ်က ဒီလူကိုဘယ်လိုခေါ်ရမှန်းတောင်မသိတော့ဘူး။
" မင်းကိုယ့်နောက်ကိုလိုက်နေတာ ပြောစရာရှိလို့လား ကျောင်းသားဝမ်ရိပေါ် "
ရုတ်တရက်ရပ်လိုက်ပြီးလှည့်မေးမယ်မထင်ထားတာကြောင့် ဝမ်ရိပေါ်ရဲ့လွန်နေတဲ့သူ့ခြေထောက်တွေကိုအလျင်အမြန်ရပ်တန့်လိုက်ရတယ်။ ရှောင်းကျန့်မျက်နှာကအလွန်တည်ငြိမ်နေပြီး ရွှေရောင်မျက်မှန်ကိုင်းရဲ့ မှန်အောက်ကမျက်ဝန်းတစ်စုံက သူမြတ်နိုးရလှပါချည်ရဲ့ဆိုတဲ့ အညိုရောင်လေးဖြတ်ပြေးနေတယ်။
" မရှိရင်.. "
" ဘယ်သူကခင်ဗျားနောက်ကိုလိုက်နေလို့လဲ ဒီလမ်းထဲဖြတ်လျှောက်တာနဲ့ ခင်ဗျားနောက်လိုက်ရောလား ဒါမှမဟုတ် အဲ့လိုလိုက်စေချင်တာလား "
ဝမ်ရိပေါ်ရဲ့ခန္ဓာကိုယ်ကရှေ့တိုးလာတော့ အောက်ကဖိနပ်ထိပ်လေးက ရှောင်းကျန့်ရဲ့အနက်ရောင်ရှုးဖိနပ်ထိပ်ဆီလာတိုက်ပြီးမိတ်ဆက်သွားတယ်။ ရှောင်းကျန့်က ပိန်ပိန်ပါးပါးထဲမှာပါပြီးခြေတံရှည်ရှည်တွေပိုင်ဆိုင်ထားတဲ့လူ။ ဝမ်ရိပေါ်ကတော့ အရင်ကထက်အရပ်ပိုရှည်လာပြီးပုခုံးတွေကျယ်ပြန့်တယ်၊ တံတောင်ထိပါတဲ့အင်္ကျီလက်ကြောင့် တိုးတောင်နေတဲ့လက်ကသွေးကြောတွေတောင်မြင်ရတယ်။