Unicodeဒီတစ်ပတ်ကုန်တာနဲ့ ချုံချင်းကနေပြန်ဖို့ မိဘတွေကိုပြောလိုက်တယ်။ ဝမ်ရိပေါ်ကလည်း အကြာကြီးကပ်မနေချင်ကြောင်းပြောပြထားတာမို့ ပြီးတော့ သူတို့ထွက်ပြေးနေတာလည်းလုံလောက်ပြီ။ မိဘတွေက ရှောင်းကျန့်ကိုတားတာမျိုးမပြုပေမယ့် အိမ်ကိုဖုန်းအမြဲဆက်ဖို့နဲ့ ခဏခဏလာလည်ဖို့ပဲပြောတယ်။ ဝမ်ရိပေါ်အပေါ်ကိုလည်း သားတစ်ယောက်နီးတူသဘောထားပေးလာတယ်။
ဒီနေ့က အရမ်းကိုအရေးကြီးတဲ့နေ့။ ဝမ်ရိပေါ်က စာမေးပွဲရလဒ်ကို ဖုန်းကနေတစ်ဆင့်ရှာဖွေစောင့်ဆိုင်းနေတယ်။ ရှောင်းကျန့်က ဘေးကကုတင်ပေါ်မှာပဲမှောက်အိပ်နေရင်း ဝမ်ရိပေါ်ကိုကြည့်နေတယ်။ ဒါမတိုင်ခင်အတိတ်ကကတိပေးထားမှုအပေါ်ကိုလည်း ဝမ်ရိပေါ်ကသူ့ကိုပြန်သတိရအောင်ပြောပြခဲ့သေးတယ်။
အဲ့တုန်းကဆရာတစ်ယောက်အနေနဲ့ ကြိုးစားတဲ့တပည့်ကိုဆုချီးမြှင့်ရမှာပဲလေ။ အခုအခြေအနေမှာတောင် သူ့ဆီကဘာကိုတောင်းဆိုချင်နေရပြန်တာလဲမသိဘူး။ အလုပ်ကလက်မဲ့ဖြစ်နေပေမယ့် သူ့မှာ ဝမ်ရိပေါ်အတွက် လုံလုံလောက်လောက်ငွေတော့ရှိပါသေးတယ်။
" ကျန့်ကော ! ကြည့် "
ဝမ်းသာအားရမျက်နှာရှေ့လာကပ်ပြတဲ့ဖုန်းကိုရှောင်းကျန့်တစ်ချက်ကြည့်ပြီး ဂုဏ်ပြုစကားဆိုလိုက်တယ်။ ဘွဲ့ယူတဲ့နေ့ကျရင် ဘွဲ့ဝတ်စုံနဲ့ဝမ်ရိပေါ်နဲ့အတူဓာတ်ပုံတွေအတူရိုက်ချင်သွားတယ်။ အချိန်မှီ ဆံပင်တွေအတိုညှပ်ပေးဖို့ကိုလည်း ရှောင်းကျန့်တွေးမိတယ်။
အိပ်ယာပေါ်ကနေချက်ချင်းကုန်းထရင်း
" ဟော့ပေါ့လိုက်တိုက်မယ် "
" အင်း သွားမယ် ၊ ဒါပေမယ့် ကျွန်တော်လိုချင်တဲ့ဆုက သက်သက်နော် "
" ဘာလဲကွာ "
အပေါ်ထပ်ကိုကောက်ဝတ်နေရင်း ရှောင်းကျန့်က ဒေါသထွက်နေတဲ့မျက်နှာအမူအယာနဲ့ဆွဲဆွဲငင်ငင်ပြောတယ်။ တကယ်တော့ ဟော့ပေါ့သောက်ချင်နေတာ ရှောင်းကျန့်ဖြစ်ပြီး ဝမ်ရိပေါ်ရစ်နေတာကြောင့် သူဒီအခန်းထဲကမြန်မြန်ထွက်မသွားနိုင်သေးဘူး။