•19•

7.8K 905 29
                                    


Unicode

" ကျန့်ကော သိနေတာလား "

ရှောင်းကျန့်မျက်စောင်းကဝမ်ရိပေါ်ဘက်ကိုစွေကြည့်တယ်။ ဆေးရုံရဲ့ခေါင်မိုးထပ်မှာညဘက်အအေးဒဏ်ကြောင့်ဘယ်သူမှမရှိပေမယ့် သူတို့နှစ်ယောက်ကတော့ထိုင်နေတယ်။ ဘယ်သူ့ဆီကမှ အေးတယ်ဆိုတဲ့အကြောင်းမထွက်သလိုပြန်ဖို့လည်းမပြောဘူး။

ဝမ်ရိပေါ်ရဲ့ပါးနဲ့နှာထိပ်တွေနီနေသလို ရှောင်းကျန့်ရဲ့ပါးနဲ့နှာထိပ်တွေလည်းနီနေတယ်။

" အရူး "

ရှောင်းကျန့်ကပုခုံးချင်းတိုက်ပစ်ပြီးပြောလိုက်တယ်။ ဝမ်ရိပေါ်ရဲ့ရယ်သံကခပ်တိုးတိုးထွက်လာခဲ့ပြီး နှာထိပ်လေးကိုပွတ်တယ်။

" မင်းမျက်နှာကိုငါတစ်ချိန်လုံးမှတ်မိနေတာ .. အဲ့လောက်ကတော့ အသိရှိပါသေးတယ် "

အဲ့တုန်းကစိုးရိမ်တကြီးဖြစ်နေတဲ့ရိပေါ်ရဲ့မျက်နှာ၊ အော်ခေါ်နေတဲ့အသံတွေ၊ ပြီးတော့ ငိုနေခဲ့တယ်။ သူမတို့လိမ်ပြောခဲ့တဲ့အကြောင်းကိုတော့ ရှောင်းကျန့်ကပြန်မပြောပြချင်တော့ဘူး။

" ဟိုနေ့ကကိစ္စကိုတောင်းပန်ပါတယ် .. အခုလိုဖြစ်တာ ကျွန်တော့်ကြောင့် "

ဝမ်ရိပေါ်ကခေါင်းကိုငုံ့ထားရင်း သူတို့ရဲ့ဆိုဒ်ချင်းကွာတဲ့ဖိနပ်တွေကိုကြည့်နေပြီးပြောတယ်။ ရှောင်းကျန့်လည်း သူ့ကိုယ်သူအပြစ်ရှိသလိုခံစားလိုက်ရတယ်။ ဝမ်ရိပေါ်ကိုအရင်အရွဲ့တိုက်မိခဲ့တာသူ့ဘက်ကဖြစ်တာပဲ။

" အဲ့ဒီ .. သူ့ကို တကယ်ယူမှာလား "

ထပ်မေးတဲ့မေးခွန်းအတွက်ရှောင်းကျန့်မှာအဖြေမရှိ။ လူကြီးတွေကအားလုံးသဘောတူခဲ့တယ်။ သူကိုယ်တိုင်ကလည်း ဝမ်ရိပေါ်ကြောင့်သာ လက်ခံခဲ့တယ်။ အခုတော့အခြေအနေတွေကပြောင်းသွားပြီ။

သူတို့တွေနှစ်ဦးနှစ်ဖက်နာကျင်နေရတယ်။

" ကျွန်တော်ငယ်ငယ်တုန်းက အမေ့ကိုမေးဖူးတယ်.. ကိုယ့်တစ်ယောက်ထဲနဲ့မလုံလောက်တဲ့အဲ့လူကို ဘာလို့မကွာရှင်းတာလဲလို့လေ ..

အဲ့တုန်းက အဖေ့ကိုမုန်းတာပဲသိတယ်၊ သူမကတော့နောက်ဆုံးအချိန်ထိ အဲ့လူလက်ထဲမှာနေသွားတယ်၊ ပြီးတော့ ကျွန်တော့်ကိုပြောခဲ့တယ်.. အဲ့တာ အချစ်တဲ့ .. မစွန့်လွတ်နိုင်ရုန်းမထွက်နိုင်အောင်တွယ်ညိမိခဲ့တဲ့ အချစ်တဲ့လေ "

MELLOW REVENGE《 Completed 》Donde viven las historias. Descúbrelo ahora