•10•

9.2K 1K 18
                                    


Unicode

အခန်းထဲမှာ သူ့နာမည်တောင်မပါတဲ့ကိတ်တစ်လုံးနဲ့ ဖယောင်းတိုင်တစ်ချောင်းရယ် နှစ်ယောက်ထဲကျင်းပရတဲ့မွေးနေ့ဆိုပေမယ့် ဝမ်ရိပေါ်ကပျော်ရွှင်နေတယ်။ သူ ပျော်လွန်းလို့စကားတွေအများကြီးတောင်မပြောနိုင်ခဲ့ဘူး။

ရှောင်းကျန့်ကပဲ အော်ငေါက်ဆူပူပြီးတစ်ခုပြီးတစ်ခုထိုင်ပြောနေတယ်။ ဖယောင်းတိုင်မီးမှုတ်တာအစ ဆုတောင်းအဆုံး ဝမ်ရိပေါ်ရဲ့နှေးတိနှေးတုန့်ဖြစ်နေတဲ့အမူအယာကို စိတ်မရှည်သလိုပြောတယ်။

" မြန်မြန်ဆုတောင်းတော့လေ အချိန်ကျော်သွားရင် မင်းမွေးနေ့ပြီးပြီ "

" ဘာဆုတောင်းရမှန်းမသိဘူး "

" အခုစိတ်ထဲရှိတာတောင်း "

" ကျန့်ကော ကိုယ့်ဆီမှာထပ်ပြီးကျရှုံးပါစေ "

ဖယောင်းတိုင်မီးကငြိမ်းသွားပြီးအငွေ့လေးတွေဖြာထွက်သွားတယ်။ အမှောင်ထဲမှာရှောင်းကျန့်ခန္ဓာကိုယ်ကတောင့်သွားပြီး ဝမ်ရိပေါ်အခုဘာဆုတောင်းလိုက်တာလဲဆိုတာကို အထပ်ထပ်အခါခါနားထဲမှာပြန်ကြား​ယောင်နေတယ်။

အခန်းမီးအစား ဝမ်ရိပေါ် က ညအိပ်မီးကိုပဲလှမ်းဖွင့်လိုက်တယ်။ ရှောင်းကျန့်က ညအိပ်မီးဘေးကိုပြန်ကြည့်လိုက်တော့ သူတို့နှစ်ယောက်ဓာတ်ပုံမရှိတော့ဘူး။ အံဆွဲထဲကိုအလျင်အ​မြန်ထိုးထည့်လိုက်တဲ့တရားခံကိုသိနေပေမယ့်လည်း တိတ်တိတ်လေးပဲနေလိုက်တယ်။

သူက မြင်ရတဲ့ နာရီကိုသာတစ်ချက်ကြည့်လိုက်ပြီး

" နှစ်မိနစ်စွန်းသွားပြီး မင်းဆုတောင်းပြည့်မှာမဟုတ်ဘူး "

" လာပါ ကိတ်ခွဲရအောင် "

" ငါအကြိုက်ဆုံးဆိုင်ကမှာထားတာ "

ဝမ်ရိပေါ်က ကိတ်ကိုဓားနဲ့ပိုင်းလိုက်ပြီး လက်မမှာပေသွားတဲ့ခရင်မ်ကို လျက်ပြီးပြောတယ်။

" အင်း မဆိုးဘူး "

" မြန်မြန်လုပ်လေ.. ပြုတ်ကျကုန်တော့မယ် "

ကိတ်ကိုပိုင်းလိုက်ပြီးရှောင်းကျန့်ကိုခွံကျွေးလိုက်တယ်။ အချိုကြိုက်တဲ့ရှောင်းကျန့်က ကိတ်မုန့်ရဲ့အရသာထဲမှာပျော်ဝင်နေပြီးပျော်နေပုံလည်းရတယ်။ ခွံကျွေးလိုက်တဲ့အပိုင်းရဲ့ခရင်မ်တွေက ပါးစပ်နဲ့မဆံ့ဘဲ နှုတ်ခမ်းတွေထိပေကျံကုန်တယ်။

MELLOW REVENGE《 Completed 》Where stories live. Discover now