Unicodeနာရီဝက်လောက်ကြာတော့ ဝမ်ရိပေါ်ဗိုက်ဆာလာတယ်။ တကယ်လည်းမနေ့ညထဲကအစားကောင်းကောင်းမှမစားခဲ့ရသေးတာ။ ဗိုက်ထဲကဆာလွန်းလို့ ကုတင်ကျဥ်းကျဥ်းလေးပေါ်မှာပဲ သူကလူးလှိမ့်နေလိုက်တယ်။
တံခါးဖွင့်သံကြားလိုက်ပြီး ရှောင်းကျန့်ဝင်လာတယ်။ လက်ထဲမှာ တစ်ယောက်စာထမင်းဟင်းပန်ကန်လေးတွေသယ်လာပြီးခုံပေါ်တင်ပေးတယ်။ ခေါင်းထောင်ကြည့်လာတဲ့ ဝမ်ရိပေါ်ကို လာစား ဆိုပြီးခေါ်တယ်။
အစပ်မစားနိုင်တာသိတဲ့ ရှောင်းကျန့်က ဝမ်ရိပေါ်အတွက် သီးသန့်ဖယ်ထားပေးတယ်။ အောက်မှာမားတို့ရှိနေသရွေ့ ဒီကောင်စုတ်လေးက ခေါင်းမာပြီးဆင်းလာမှာမဟုတ်ဘူး။ သူကပဲတက်ကျွေးမှရမှာ။
အခုကျတော့လည်း ရှုပ်ပွနေတဲ့ဆံပင်တွေနဲ့ ရှောင်းကျန့်ယူလာပေးတဲ့ နေ့လည်စာကိုအားရပါးရ စားပြတယ်။ ပါးနှစ်ဖက်များဖောင်းလို့။
ဝမ်ရိပေါ်က အစားစားနေရင် ဘေးကကြည့်နေတဲ့လူကိုတောင် ထပ်စားချင်အောင်လုပ်နိုင်တယ်။ ရှောင်းကျန့်က ' ကောင်းလား ' လို့မေးလိုက်တော့ ဝမ်ရိပေါ်က သူ့ကိုခွံ့ကျွေးတယ်။
အင်း။ ကောင်းတယ်၊ ကိုယ့်လက်ရာကိုယ်သိပေမယ့် ဝမ်ရိပေါ်ခွံ့ကျွေးမှ ပိုအရသာရှိနေသလိုပဲ။
ဝမ်ရိပေါ်အတွက်ယူလာတဲ့ နေ့လည်စာရဲ့တစ်ဝက်နီးနီးကို ရှောင်းကျန့်ပြန်စားလိုက်ရတယ်။
....
တဖြေးဖြေးမှောင်လာတဲ့ညနဲ့အတူ သူတို့နှစ်ယောက်လုံးက အပေါ်ဝရံတာရဲ့ကြမ်းပြင်မှာပဲအတူပက်လက်လှဲနေတယ်။ ရှင်းလင်းတဲ့မြင်ကွင်းက ကောင်းကင်ကတလက်လက်ထနေတဲ့ကြယ်တွေကိုမြင်နိုင်တယ်။
ဒီလို ညအရောင်နဲ့နေချင်လို့ သူတို့ကဝရံတာကမီးကိုတမင်ပိတ်ထားခဲ့တာဖြစ်တယ်။
ဝမ်ရိပေါ်ရဲ့လက်ကတဖြေးဖြေးဆန့်ထွက်လာပြီး ရှောင်းကျန့်ရဲ့လက်ကိုစမ်းတယ်။ ဖမ်းမိတာနဲ့လက်ချောင်းတွေချင်းယှက်တွယ်လို့ သူ့ရင်ဘတ်ပေါ်ဆွဲယူလိုက်တယ်။ ရှောင်းကျန့်ခေါင်းက တဖြေးဖြေး သူ့ဘက်တိုးကပ်လာတယ်။