•11•

8.8K 1K 8
                                    

Unicode

ကုတင်ဘေးကထိုင်ခုံပေါ်မှာ Alarm ပေးတဲ့နာရီကပိတ်မယ့်လူမရှိဘဲအချိန်အတော်လေးကြာတဲ့အထိအော်​မြည်နေတယ်။ နားညီးလွန်းလို့ရှုံ့မဲ့သွားတဲ့ရှောင်းကျန့်က ခေါင်းအုံးကိုဆွဲယူကာကျောခိုင်းပြီး Alarm သံကိုပိတ်ခိုင်းတယ်။

အိပ်ချင်မူးတူးဖြစ်နေတဲ့ဝမ်ရိပေါ်ကလည်း လက်ကိုဆန့်တန်းလို့ထိုအခါမှထပိတ်ရတယ်။ ညကသူတို့နှစ်ယောက်လုံး သုံးနာရီမှအိပ်ခဲ့ရပြီး အိပ်ရေးမဝတာကြောင့် မနက်အစောကြီးထဖို့ဆိုတာမဖြစ်နိုင်ဘူး။

ဝမ်ရိပေါ်က သူ့ကိုကျောပေးထားတဲ့ ရှောင်းကျန့်နားတိုးကပ်လိုက်ပြီး စောင်လွတ်နေတဲ့ပုခုံးသားကိုနှုတ်ခမ်းတွေနဲ့လိုက်နမ်းလိုက်တယ်။

" ဘယ်ချိန်ရှိပြီလဲ "

ရှောင်းကျန့်နောက်လှည့်မလာပေမယ့် နိုးလာပုံရတယ်။ သူ့ကိုလှမ်းမေးတဲ့အသံက အိပ်ယာထဲကကနေမထချင်သေးတဲ့ကြောင်ပေါက်လေးလိုပဲ။

" ခုနှစ်နာရီကျော်ပြီ "

" ကျစ်! ဝမ်ရိပေါ် မင်းငါ့ကိုဘာလို့စောစောမနှိုးရတာလဲ "

အိပ်ယာပေါ်ကနေအလျင်စလိုပြေးဆင်းသွားတဲ့ရှောင်းကျန့်ကြောင့် ဝမ်ရိပေါ်ကပါလိုက်ထလာတယ်။

အောက်မှာကျနေတဲ့ဘောင်းဘီကိုဝတ်နေတုန်း အပြင်ကတံခါးခေါက်သံနဲ့ အားရီရဲ့အသံက အခန်းထဲထိဖြတ်ဝင်လာတော့ ကြယ်သီးတပ်နေရင်း ရပ်သွားတဲ့ကျန့်ကောဟာ ဘယ်လိုလုပ်မလဲ ဆိုတဲ့ အလန့်တကြားမျက်နှာလေးနဲ့ အိပ်ယာပေါ် ကကျွန်တော့်ကိုလှမ်းကြည့်ပြန်တယ်။

" ဝတ်နေ.. ကျွန်တော်ထွက်လိုက်မယ် "

" ငါ့ကိုမြင်သွားမှာပေါ့ "

" မမြင်အောင်ကွယ်ထားပေးမယ် "

အပေါ်ပိုင်းအဝတ်မကပ်သေးတဲ့ ရိပေါ်ကတံခါးကိုခပ်ဟဟလေးဖွင့်လိုက်တော့ အားရီရဲ့မျက်နှာပြုံးပြုံးလေးကပေါ်လာတယ်။

" နောက်ကျနေလို့လေ သားများ နေမကောင်းဖြစ်နေတာလားလို့ မနေ့ကအိမ်ကိုပြန်မလာဘူးတောင်ထင်နေတာ .. မွေးနေ့မှာစားဖို့ဆိုပြီး သားကြိုက်တဲ့ ဖက်ထုပ်တွေတောင်ပေါင်းထားခဲ့သေး "

MELLOW REVENGE《 Completed 》Where stories live. Discover now