Unicode" ၁ ၂ ၃ ဆိုတာနဲ့ ပြုံးမယ်နော် "
ဓာတ်ပုံဆရာက ခပ်ဝေးဝေးကနေလှမ်းအော်ပြောတယ်။ ဝမ်ရိပေါ်နဲ့အတူရှောင်းကျန့်ကယှဥ်ရပ်နေပြီး သူတို့လက်တွေကအချင်းချင်းယှက်တွဲထားတယ်။ ၁ ၂ ၃ ဆိုတဲ့ ဂဏန်းအရေအတွက်အဆုံးမှာ သူတို့နှစ်ယောက်လုံးပြုံးတယ်။ ပုံလေးကတော့ အလှဆုံးထွက်လာလိမ့်မယ်။
...
ဘယ်သူမှမရှိတဲ့ကျောင်းစာသင်ခန်းထဲမှာ ရှောင်းကျန့်တစ်ယောက်ထဲ။ သူက လိုက်လံကြည့်ရှုရင်း မိုက်ခ်တပ်ထားတဲ့ခုံကို ထိတွေ့တယ်။ သူကဒီစာသင်ခန်းရှေ့မှာရပ်နေခဲ့ပြီး ခုံတန်းကဂျစ်ကန်ကန်မျက်နှာပေးနဲ့ဝမ်ရိပေါ်နဲ့စာသင်ချိန်တွေကိုဖြတ်သန်းခဲ့ရဖူးတယ်။ အချိန်တွေကကုန်တာမြန်လွန်းတယ်။အခန်းတံခါးကပွင့်သွားပြီး ဝမ်ရိပေါ်ဝင်လာတယ်။ တံခါးကိုပြန်ပိတ်ဖို့လည်းမမေ့ဘူး။
ရှောင်းကျန့်ကိုပွေ့ချီပြီးတာနဲ့ ရှေ့ဆုံးခုံတန်းမှာထိုင်တယ်။ ရွှေရောင်ကိုင်းနဲ့မျက်မှန်ကိုချွတ်ပြီးတာနဲ့ ပေးလာတဲ့အနမ်းတွေကနူးနူးညံ့ညံ့နဲ့ရှည်ကြာတယ်။ ဝမ်ရိပေါ်ရဲ့လက်တွေကသူ့ခန္ဓာကိုယ်ပေါ်တစ်လျှောက်မှာပြေးလွှားနေခဲ့ပြီး အဝတ်တွေကိုစတင်ဖယ်ရှားဖို့လုပ်တယ်။
တကယ်တော့ ဒီလိုလုပ်ဖို့ကို ရှောင်းကျန့် တဖြေးဖြေးရှက်လာတယ်။ ဘယ်သူမှမရှိဘူးဆိုရင်တောင် public area ကြီးမှာအဆင်ပြေပြေနဲ့ရှေ့ဆက်နိုင်ပါ့မလား။ ဝမ်ရိပေါ်တောင်းတဲ့ဆုကအတော်လေးကြီးတာပဲ။
" သူငယ်ချင်းတွေရော ပြန်သွားပြီလား "
" သူတို့က ပါတီပေးဖို့ခေါ်တယ် ၊ ကိုယ်မနည်းထွက်လာခဲ့ရတယ် "
ဝမ်ရိပေါ်က ရှောင်းကျန့်ရဲ့အဝတ်တွေကိုအကုန်တော့မချွတ်ပစ်ဘူး။ ကြယ်သီးတွေဖြုတ်ပြီးတာနဲ့ရင်ဘတ်ထဲခေါင်းနှစ်လို့လိုက်လံစူးစမ်းတယ်။ ရှောင်းကျန့် က သူ့လက်နှစ်ဖက်လုံးကို ဝမ်ရိပေါ်ရဲ့လည်ပင်းဆီမြဲမြဲတွယ်ချိတ်ထားတယ်။