•8•

8.7K 1K 10
                                    


Unicode

ရေချိုးခန်းဝမှာမတ်တပ်ရပ်စောင့်နေသူ ရှောင်းကျန့်က ထွက်လာတဲ့ဝမ်ရိပေါ်ကိုမြင်တာနဲ့ ရေသုတ်ဖို့အဝတ်လှမ်းပေးလိုက်တယ်။ အခုရှောင်းကျန့်ရဲ့ မျက်နှာကတစ်လောကလုံးကိုစိတ်ဆိုးနေတာမျိုး၊ သူ့ကိုကျေးဇူးတင်ဖို့စကားတောင်ပြောရင်ကံကောင်း။

" ပိုက်ကိုမပိတ်ခင် အဲ့ဘားကနေသာအရင်လှည့်ထားလိုက် ရေတွေလည်းအခုလိုလျံမှာမဟုတ်တော့ဘူး သူ့သာနဲ့သူပြီးသွားမှာကို "

" မင်းကို .. "

" မင်းကိုဘယ်သူကကူညီခိုင်းလို့လဲပြောအုံးမလို့လား "

" မင်းတို့အိမ်ကဟာကိုဘယ်လိုလုပ်သိမှာလဲ "

ဟော
ရှောင်းကျန့်ကအဲ့လို။
ပါးနှစ်ဖက်ကိုဆွဲပြီးသာဖျစ်ညှစ်ပြီးဝါးစားလိုက်ချင်တယ်။

" ကျေးဇူးပဲ "

ထွက်လာတဲ့အသံကတိုးပြီးအလျင်စလိုနိုင်တဲ့အပြင်တစ်ဖက်လှည့်ပြီးပြောတာကြောင့် သူ သဲသဲကွဲကွဲတော့မကြားလိုက်ပေမယ့်လည်း ရှောင်းကျန့်ကိုအနိုင်လိုချင်တာကြောင့် ထပ်မေးလိုက်တယ်။

" ဘာပြောလိုက်တာ "

" မင်းမကြားဘူးလား "

" မကြားလို့ထပ်မေးတာပေါ့ "

" ငါစကားကိုထပ်မပြောဘူး "

အနားကထွက်သွားဖို့လုပ်နေတဲ့ရှောင်းကျန့်ကိုလက်ကနေဖမ်းဆွဲပြီးခေါ်လိုက်တော့ ရင်ဘတ်ချင်းနီးကပ်တယ်။ မျက်လုံးတွေချင်းဆုံမိကြပြီးနောက်ဘယ်သူမှမရှောင်ဖယ်ဘူး။ ဝမ်ရိပေါ်က သူ့လက်ကိုရှောင်းကျန့်ရဲ့လက်မောင်းပေါ်ခပ်ဖွဖွဖြေလျော့လိုက်ဆုပ်ကိုင်လိုက်နဲ့လှုပ်ရှားနေတာသိသိသာသာ။

သူတို့မျက်နှာတွေက စင်တီမီတာအကွာအဝေးလောက်သာခြားပြီး ဝမ်ရိပေါ်ကရှောင်းကျန့်ရဲ့နှုတ်ခမ်းတွေရှိရာနဲ့ မျက်လုံးတွေရှိရာကိုသာအကြည့်တွေရွေ့တယ်။ သူတို့ကြားမှာ စွဲအားတစ်ခုခုရှိနေသလိုမျိုးခံစားလိုက်ရပြီး ဝမ်ရိပေါ်ဘက်ကအရင် တိုးတိမ်နေတဲ့အသံရှရှထွက်လာတယ်။

MELLOW REVENGE《 Completed 》Where stories live. Discover now