Unicodeရှောင်းကျန့်က သူမကိုတောင်းပန်ပေမယ့် သူမက အဆင်ပြေကြောင်းပြောတယ်။ နေမကောင်းဘူးဆိုတဲ့အကြောင်းပြချက်ကိုလည်း ဒီရိုးသားတဲ့မိန်းကလေးက ယုံယုံကြည်ကြည်ပဲ။ အိမ်ကိုတောင်ပြန်လိုက်မပို့ရဘဲ သူမက အိမ်ကကားကိုလှမ်းခေါ်တယ်။ ကားမရောက်လာခင်အထိ သူမနဲ့အတူ ရှောင်းကျန့်က ရပ်စောင့်ပေးတယ်။
ခပ်လှမ်းလှမ်းကပါကင်ထိုးထားတဲ့ ရှောင်းကျန့်ကားထဲမှာတော့ ဝမ်ရိပေါ်ကရှိနေပြီး သူကတစ်ချိန်လုံးမျက်တောင်မခတ်တန်းလှမ်းကြည့်နေခဲ့တာဖြစ်တယ်။
အိမ်ကကားလာကြိုတော့ သူမကိုကားပေါ်တင်ပေးပြီးသေချာနှုတ်ဆက်ပြီးတာနဲ့ ရှောင်းကျန့်ရဲ့မျက်နှာမှာလည်း အပြုံးတွေရုတ်ခြည်းပျောက်ကွယ်သွားတယ်။ ခြေလှမ်းတွေမြန်မြန်နဲ့ လျှောက်သွားပြီး သူက ကားတံခါးကိုခပ်ကြမ်းကြမ်းဆွဲဖွင့်ပြီး မောင်းတဲ့သူနေရာမှာဝင်ထိုင်လိုက်တယ်။
ဝမ်ရိပေါ်က ဘေးခုံမှာရှိနေပြီး သူတို့နှစ်ယောက်လုံးခါးပတ်မပတ်ကြရသေးဘူး။
" ကျွန်တော့်ကိုပြောချင်တာမရှိဘူးလား? "
" ဒီနေ့လိုလုပ်ရပ်မျိုးနောက်ဆုံးဖြစ်ပါစေ ဝမ်ရိပေါ် "
ရှောင်းကျန့်ကအတော်လေးဒေါသထွက်နေမှန်းသိသာတယ်။ ဝမ်ရိပေါ်ဘက်ကိုလည်းလုံးဝလှည့်မကြည့်ဘူး။ လက်ရှိသူတို့နှစ်ယောက်ကြားကလေထုကမိုးသက်လေပြင်းကျနေပြီးမကြာခင်ဝုန်းဒုန်းကြဲတော့သလိုမျိုးနဲ့ဆင်တယ်။
" အဲ့မိန်းမနဲ့က? "
" မင်းစကားကိုယဥ်ယဥ်ကျေးကျေးသုံးနှုန်းစမ်းပါ သူကမင်းအမပဲ "
" ဘာအမလဲ! ကျွန်တော်က သူတို့မိသားစုဝင်မဟုတ်ဘူး.. ပြောစမ်းပါ ရှောင်းကျန့်ရဲ့အဲ့လိုမဟုတ်ဘူးမှတ်လား .. ကျွန်တော်ထင်သလိုမျိုးမဟုတ်ဘူးမှတ်လား "
ဝမ်ရိပေါ်ဘက်ကသွေးဆူလာပေမယ့် သူ့ဘက်ကတိတ်နေတုန်းပဲ။ ဒီအကြောင်းနဲ့ပတ်သတ်ပြီးအသိမပေးချင်ဘူး။ စာမေးပွဲကနီးလာပြီ ဒီအတွက်နဲ့ ဝမ်ရိပေါ်ကိုအာရုံစိုက်ချင်အောင်လည်း ရှောင်းကျန့်မလုပ်နိုင်ဘူး။