•12•

8.2K 953 15
                                    


Unicode


ကွန်ဒိုဆီပစ္စည်းအားလုံး ကားနဲ့အရင်သယ်ပို့ပြီးသွားတာကြောင့် ရှောင်းကျန့်က လူချည်းပဲအိမ်ကနေထွက်ခွာဖို့ပြင်တယ်။ ဝမ်ကျောက်ယွီနဲ့ သူ့ဇနီးကိုနှုတ်ဆက်ပြီးတာနဲ့ အတင်းတွန်းပို့နေတဲ့ သူတို့ရဲ့သမီးကိုပါနှုတ်ဆက်ခဲ့ရတယ်။

ကျောင်းနဲ့သိပ်မဝေးတဲ့ ကွန်ဒိုကောင်းတစ်ခုကိုရထားပြီး ဒါကသူ့အပိုင်အိမ်ဆိုတဲ့အဓိပ္ပါယ်လည်းရှိသွားတာမို့ ရှောင်းကျန့်ကတော့ လွတ်လွတ်လပ်လပ်နေဖို့အတွက် တက်ကြွနေပြီ။

သူ ရောက်တော့ အလုပ်သမားတစ်ချို့နဲ့အတွင်းရေးမှူးလျိုတောင်မပြန်ရသေးဘူး။ အတွင်းရေးမှူးက ရှောင်းကျန့်ကို စိတ်တိုင်းကျရဲ့လား၊ ဥက္ကဌကြီးရဲ့ဆန္ဒအရ ဆိုတဲ့စကားတွေထပ်နေအောင်ပြောနေတာများ စက်ရုံတစ်ရုပ်လိုပဲ။

သူက ပင်ပန်းသွားပြီဖြစ်ကြောင်း ကော်ဖီတစ်ခွက်ဖျော်ပြီးတိုက်တော့ အားနာနာငြင်းတဲ့
အတွင်းရေးမှူးက သူတိုက်တဲ့ကော်ဖီကို နောက်ဆုံးတော့ သောက်သွားရတယ်။

အိမ်မှာတစ်ယောက်ထဲကျန်ခဲ့တော့ ညစာအတွက် အဆာပြေရုံလောက်စားဖို့ သူက ဖုန်းဆက်ပဲမှာလိုက်တယ်။

အခန်းထောင့်မှာကပ်ထားတဲ့ ပစ္စည်းပုံးကြီးကိုမြင်တာနဲ့ ရှောင်းကျန့်ကတစ်ခုခုကိုပြေးပြီးသတိရတယ်။ ဟုတ်တာပေါ့.. ဒါ ဝမ်ရိပေါ်ရဲ့ပစ္စည်းတွေ! သူ ဟိုအိမ်မှာထဲကပြန်ပေးဖို့လုပ်ထားပေမယ့် မဖယ်ထားမိတော့ အလုပ်သမားတွေအကုန်ယူလာတာဖြစ်မယ်။

အခန်းတံခါးဘဲလ်သံကြောင့် ရှောင်းကျန့်က ပစ္စည်းပုံးကိုအဖုံးပြန်ပိတ်လိုက်ပြီးတံခါးဖွင့်ပေးဖို့ထွက်လာတယ်။ လာပို့တာစောသားပဲလို့ တွေးမိလိုက်ပေမယ့် မြင်လိုက်ရတဲ့ မျက်နှာကြောင့် နှုတ်ဆွံ့သွားတယ်။

" မင်းက ဘယ်လိုလုပ်.. ? "

" အိမ်ထဲပြေးဝင်ပါဦးလားဗျာ "

" ဘယ်လိုသိတာလဲ "

" မောလိုက်တာ ရေသောက်လို့ရမလား "

MELLOW REVENGE《 Completed 》Where stories live. Discover now