Unicode
မနက်ခင်းစောစောမှာ ဝမ်ရိပေါ်က အခန်းထဲကခေါင်းထွက်ပြီးချောင်းတယ်။ ချောင်းတယ်ဆိုတာထက်သူက တစ်စုံတစ်ယောက်ရဲ့အခန်းတံခါးပွင့်မပွင့်ကိုစောင့်ကြည့်နေတာဖြစ်တယ်။ ထိုစဉ် ချက်ခနဲတံခါးဖွင့်လှည့်သံကြားတာနဲ့ ဝမ်ရိပေါ်က အဆင်သင့်သူ့အခန်းထဲကထွက်ပြီးလျှောက်လာတယ်။ရှောင်းကျန့်က သူ့ကိုမြင်တော့ တစ်ချက်မျှသာကြည့်ပြီး ရှေ့ဆက်လျှောက်တယ်။ ဘေးကနေယှဉ်လိုက်လာပြီး
" တိုက်ဆိုင်လိုက်တာဗျာ.. ကျွန်တော်နဲ့မနက်စာအတူစားရမယ့်အချိန်ကို စောင့်မျှော်နေတဲ့ပုံပဲ "
ဝမ်ရိပေါ်က ဒီလိုတွေစိတ်ထဲခံရခက်တဲ့စကားတွေဘာလို့လာပြောမှန်း ရှောင်းကျန့် တွေးလို့လိုက်မမှီဘူး။ ဝမ်ရိပေါ်က ဘာဖြစ်ချင်နေတာလဲ? လို့မေးခွန်းပေါင်းသောင်းခြောက်ထောင်နဲ့ ထူးဆန်းတဲ့လုပ်ရက်တွေကိုသာတစ်ခုချင်းထောက်ပြပြီးမေးလိုက်ချင်တယ်။
" နေကောင်းသွားပြီမဟုတ်လား ပုံစံကြည့်ရတာတော့ အလတ်ကြီးပဲ "
" ဟုတ်တယ် သေဖို့အဝေးကြီးလိုသေးတယ် စိတ်မကောင်းဖြစ်သွားလား "
ဘေးကဖြတ်သွားတဲ့ကလေးမလေးနှစ်ယောက်ရဲ့ခိုးရယ်သံကို ဝမ်ရိပေါ်ကြားဖြစ်အောင်ကြားလိုက်သေးတယ်။ မရယ်နဲ့! လိုက်ပြီးနားမထောင်နဲ့! လို့သွားအမိန့်ပေးချင်ပေမယ့် ရှောင်းကျန့်နောက်ကိုလည်းအမှီလိုက်ပြီးတုန့်ပြန်ရအုံးမယ်။
ဒါပေမယ့် ထမင်းစားခန်းဆီသွားမယ်ထင်ပေမယ့် ရှောင်းကျန့်က အိမ်တံခါးဆီလျှောက်နေတာကြောင့် ဝမ်ရိပေါ်ကမနေနိုင်တဲ့အဆုံးလှမ်းအော်လိုက်တယ်။
" အဲ့တာဘယ်လဲ? မနက်စာမစားဘဲ "
" ငါနဲ့မင်းက ဘာဆိုင်သေးလို့လဲ တစ်ခုချင်းစီတင်ပြနေရအုံးမှာလား ကိုယ့်အကြောင်းနဲ့ကိုယ်နေစမ်းပါ "
အခုရှောင်းကျန့်က သူ့ကို ဖနှောင့်နဲ့ပေါက်ချေသွားတာမဟုတ်လား? သူ့လို ဝမ်ရိပေါ်ကိုလေ?
ထွက်သွားတဲ့နောက်ကျောပြင်ကိုကြည့်ပြီး ကန်လိုက်တဲ့ထိုင်ခုံက ကြွေပြားခင်းနဲ့ပွတ်တိုက်သွားပြီးအနောက်ကိုရွေ့သွားတယ်။ ကောင်မလေးတွေက ခေါင်းတွေငုံ့ပြီးသူတို့ဆီဒေါသလှည့်လာမှာစိုးလို့ အသံတောင်မထွက်ရဲဘူး။