Unicodeအဲ့နေ့ညက ဝမ်ရိပေါ်ပြောသွားတာ နောက်တာမဟုတ်ဘူးဆိုတာကို ရှောင်းကျန့်သိသွားပြီ။
တကယ်ကြီးစာကြိုးစားနေတယ်လေ!
ဒီလောက်အားကြိုးမာန်တက်ကြိုးစားနေတာ စာမေးပွဲကအသက်ထက်အရေးကြီးသလိုမျိုး။ အဲ့နေ့ကစပြီး သူ့ရုံးခန်းထဲထိ အသွားအပြန်လုပ်ပြီးစာတွေလာလာမေးတယ်။ ကြာလာတော့ ရှောင်းကျန့်မျက်စိနောက်လာရော။
" မင်း ငါစာရှင်းတုန်းကဘာလုပ်နေလဲ! "
ဘာလုပ်နေလဲ? ဘာလုပ်နေလဲဆိုတော့ ပါမောက္ခရှောင်းကိုကြည့်နေတာပေါ့။
တစ်နေ့တစ်နေ့ဝတ်တဲ့အင်္ကျီက ခန္ဓာကိုယ်အချိုးအစားအတိုင်းကပ်ရက်ပဲ။ ဒါက ဝမ်ရိပေါ်ကိုတမင်ဆွဲဆောင်နေတာ..၊ သူ မကြည့်ချင်ပေမယ့်လည်း မျက်လုံးတွေရောက်ရောက်သွားတာ ဘယ်တတ်နိုင်မလဲ နော့်..
" ဝမ်ရိပေါ် မင်းမျက်လုံးကဘယ်ရောက်နေတာလဲ မြန်မြန်နားလည်ရင်လည်းထွက်သွားတော့ "
ဆူပူသံနဲ့အတူဘောပင်နဲ့ခေါက်လိုက်သံက နဖူးဆီကနေထွက်တယ်။ ဝမ်ရိပေါ်ကနာသွားပေမယ့် တစ်ချက်မျက်နှာမပျက်ဘူး.. နီရဲသွားတဲ့နဖူးကိုပွတ်လိုက်ပြီး
" အမြဲရှင်းပြနေရတာ ပင်ပန်းနေမှာပဲ .. ဘာစားချင်လဲဟင် ကျွန်တော့်ကိုစားမလား .. မဟုတ်ဘူး မဟုတ်ဘူး ကျွန်တော်ကျွေးတာစားမလားလို့ "
" ဘာမှမစားချင်ဘူး ကျေးဇူး "
" အခုလိုစာကြိုးနေတဲ့ကျောင်းသားကို ဆရာကဆုမချချင်ဘူးလား .. ခုပဲဆာလာပြီ "
ဝမ်ရိပေါ်ကစကားတွေကိုတမင်ညစ်ညမ်းတဲ့အတွေးတွေရောက်အောင်ပြောတယ်။ သူက ရှောင်းကျန့်ကို အင်တိုက်အားတိုက်နဲ့မြူစွယ်နေတာလေ။ ဒါပေမယ့် လက်ထဲရောက်လာတာက အဆင်သင့်စားတဲ့ ဖက်ထုပ်ဗူးလေးဖြစ်တယ်။
" ဒါယူသွားပြီး သွားတော့ "
လက်ထဲကကော်ဗူးကိုကြည့်ပြီး ဝမ်ရိပေါ်နှုတ်ခမ်းတွေမဲ့သွားတယ်။ သူ စားချင်တာ ဒါမှမဟုတ်တာ..
စာအုပ်တွေကိုသိမ်းပြီး ပြန်ယူသွားဖို့ရှောင်းကျန့်က နှင်လွှတ်နေပြီ။ ဝမ်ရိပေါ်ကမတ်တပ်ထရပ်လိုက်ပြီး စားပွဲပေါ်ကသူ့ဟာတွေကိုအကုန်ရှင်းပြီးလက်နဲ့ပွေ့ပိုက်ထားလိုက်တယ်။