Don't Forget Me
Unicode
Part - 1မင်္ဂလာပါ
ကျတော်ကတော့ "Nanon Korapat" ဖြစ်ပါတယ် ။
ဘန်ကောက်မြို့မှာ ဘွဲ့ရပြီးသားသူတစ်ယောက်ဖြစ်ပေမယ့် နယ်မြို့လေးမှာပဲ
အမေနဲ့အတူ ဟိုးအရင်ထဲက ရှိခဲ့တဲ့ စားသောက်ဆိုင်လေးကိုပဲ ဦးစီးဆောင်ရွက်လုပ်ကိုင်နေလျက်ရှိပါတယ်။
ဆိုင်မှာ ပင်လယ်ကမ်းစပ်နားဖြစ်တာမို့ ခရီးသွားရာသီချိန်ဆို အားတယ်လို့ကို မရှိပါ။"အမေ့ ဒီ မှာထားတာလေး သွားပို့လိုက်ဦးမယ်"
"အေးအေး"
အမေလည်း မအားတဲ့ကြားက ဖြေတဲ့အသံကို နားစွင့်ပြီး ဆိုင်ကယ်မောင်း ထွက်လာခဲ့လိုက်တယ်
ဒီလိုပဲ လူ အရမ်းကျတဲ့အခါ ပို့ပေးတဲ့သူလိုရင်လည်း ကိုယ့်မှာ deliသမားလေးဖြစ်ရသေးတယ်။ညဘက်ကျရင်လည်း ကိုယ့်မှာ စာရင်းတွေ တွက်ရပြီ
ကိုယ့်မှာက အမေတစ်ခုသားတစ်ခုဆိုတော့ အမေ့ကိုထားပြီးလည်း ဘယ်မှသွားပြီး အလုပ်လုပ်ကိုင်လို့ မရနိုင်။
စာရင်းတွေ တွက်ရင်းနဲ့ နက်ဖြန် အမေ ဆေးခန်းပြဖို့ သတိရသွားတယ်။ အမေ့မှာက နှလုံးသွေးတိုးရှိတာမို့ လစဉ် ဘန်ကောက်မြို့နဲ့ ကျတော်တို့မြို့ကြားမှာရှိတဲ့ ဆေးရုံမှာ သွားပြနေကျ ဖြစ်တယ်" အမေ နက်ဖြန်ညနေပိုင်း ဆေးခန်းသွားရမယ်နော် "
"ဟေ ဟုတ်သားပဲ" "ဆိုင်က လူကျနေတာ ဘယ်လို လုပ်ရပါ့မလဲ"
"အရင်လိုပဲ အန်တီ ချိုင် ကို အကူညီတောင်းရမှာပေါ့ "အန်တီချိုင်ဆိုတဲ့အန်တီကြီးကတော့ ကျတော်တို့နဲ့ အိမ်နီးချင်းဖြစ်ပြီး သူ့သားWaiနဲ့ကျတော်ဆိုလည်း ငယ်ငယ်ထဲက အတူတူကျောင်းတက် ညီအကိုနီးနီးကိုဖြစ်နေပြီ။ခု Waiကတော့ ဘန်ကောက်မှာ အလုပ်သွားလုပ်နေတယ်။ကျတော်ကိုတောင် ခနခန ခေါ်နေတာ ကိုယ့်မှာက ဒီမှာ သွားမရတာနဲ့ပဲ မသွားဖြစ်။
"အင်း အဲ့လိုပဲ လုပ်ရတော့မှာပေါ့ ၊ သားလည်း စာရင်းတွေပြီးရင် အိမ်ပြန်တော့လေ"
အမေအသံကြားမှ တွေးနေတာကို ရပ်ပြီး စာရင်းတွေ လက်စသတ်လိုက်တော့တယ်"ဟုတ် mae"
အမေက ဆိုင်မှာပဲ အကူကောင်မလေးတွေနဲ့အတူနေတယ်
ကျတော်ကတော့ ဆိုင်နဲ့ နည်းနည်းလှမ်းတဲ့နေရာမှာရှိတဲ့ အခန်းတစ်ခုမှာ တစ်ယောက်ထဲနေဖြစ်တယ်။
××××××
ညဘက်အမှောင်ထဲမှာ အလင်းလည်းမမြင်ရ သေချာတာတော့ လမ်းမ ပေါ်ကနေ ပစ်ချခံလိုက်ရတာတော့ မှတ်မိနေသေးတယ် ။
ခေါင်းမှာလည်း ပြုတ်ကျပြီးစောင့်ထားတဲ့နေရာကလည်း နာကျင်နေတယ်။
ဗိုက်က ဓါးထိုးခံလိုက်ရတဲ့ နေရာကလည်း သွေးက မရပ်တမ်းထွက်နေလေတယ်။
လူက မူးနောက်ပြီး ချာလပတ်ရမ်းနေပေမယ့်
စိတ်ကို တင်းထားပြီး
ငါသွားရမယ် သွားရမယ် ဘယ်မှန်းလည်း မသိ အဲ့တာသာရေရွတ်ရင်း
လဲကျနေတဲ့ ချောက်လို နေရာကနေ ရှိတဲ့ အားအကုန်သုံး၍ တက်ဖို့ကြိုးစားလိုက်သည်။
လမ်းမအပေါ်ကို အရောက် အလင်းတစ်ခု မျက်လုံးကို ထိုးထားတာပဲ သိလိုက်ပြီး ဘရိတ်သံလည်း ကြားလိုက်တယ် ပြီးတော့ ပြီးတော့ .........
YOU ARE READING
1.Don't Forget Me (Complete)
Fanfictionကမ္ဘာကြီးမှာ ဘယ်သူ့ကိုမှ မမှတ်မိတော့ဘဲ လမ်းပျောက်နေတဲ့အချိန် မင်းသာငါ့ကို မကယ်ခဲ့ရင် .... #OhmNanon fanfic လေးပါ // ကိုယ့်ရဲ့ ပထမဆုံးလက်ရာလေးဖြစ်တဲ့ ဒီfanficလေးကို စ,စချင်းရေးသားခဲ့တဲ့အတိုင်း သိမ်းထားချင်တာမို့ စာလုံးပေါင်းအမှားအယွင်းလေးတွေ များစွာ...