Don't Forget Me 💚❤️
Unicode
Part-25Nanonနဲ့အတူ ရေဆော့နေကြရင်း
ဓါတ်ပုံရိုက်ဖို့ သတိရသွားခဲ့တယ်။
တူတူလည်း ရိုက်ထားမယ်
Nanonပုံတွေလည်း အမှတ်တရ ရိုက်ပြီး သိမ်းထားချင်တာနဲ့
သဲသောင်ပြင်မှာ ထားခဲ့တဲ့ ဖုန်းရှိသို့ ....ပစ္စည်းတွေ ချထားသည့်နေရာရောက်တော့
ဖုန်းကို ယူလိုက်တယ်။
ဖုန်းဖွင့်လိုက်တော့ ဖုန်းထဲမှာ Messageတွေ ဝင်နေခဲ့တယ်။ဘယ်သူရှိကပါလိမ့်ဆိုပြီး ကြည့်လိုက်တော့
ညီမမွန်ပို့ထားတာ ဖြစ်နေတယ်။
အစက နောက်မှပဲကြည့်တော့ပဲ ဓါတ်ပုံပဲ အရင်ရိုက်မလို့ လုပ်လိုက်ပေမယ့်
Notiမှာ မြင်လိုက်ရတဲ့ အစပိုင်းစာကို စိတ်ဝင်စားသွားခဲ့တယ်[Noti: ခုချိန်မှ ပြန်ပေးမိလို့ တောင်းပန်းပါတယ်......]
ဘာများပါလိမ့်Messageထဲ ဝင်ကြည့်လိုက်တော့ ပုံလေးတစ်ပုံရယ် စာပိုဒ်လေးတစ်ခုရယ်
💬ခုချိန်မှ ပြန်ပေးမိလို့ တောင်းပန်ပါတယ်
ကိုကို ဒီစာဖတ်နေတဲ့ ချိန်မှာ ဒီလက်စွပ်လေးက ကိုကိုအိမ်ရောက်နေလောက်ပြီ
ညီမအိမ်ကိုလည်း ညီမဘက်ကနေပဲ စေ့စပ်ပွဲ မလုပ်ချင်တော့တဲ့အကြောင်းပြောပြပြီး ဖြေရှင်းလိုက်ပါပြီ
ကိုကိုတို့ နှစ်ယောက်ပျော်ရွှင်ပါစေ💬စာကိုဖတ်ပြီး ပုံကို သေချာကြည့်လိုက်တဲ့ အခါမှာတော့
ကျတော့်လက်သန်းမှာ Nanon ဝတ်ပေးထားတဲ့ လက်စွပ်နဲ့ ပုံစံတူလေး နောက်တစ်ကွင်း ပုံထဲကတစ်ခုကတော့ sizeပိုကြီးတယ်လို့ထင်ရတယ်။
ခုဝတ်ထားတဲ့လက်စွပ်လိုပဲ အတွင်းထဲမှာ ကျတော်တို့ နှစ်ယောက် နာမည်လေးအဲ့လက်စွပ်က သေချာပါတယ် ကျတော့ဟာဖြစ်မယ်ဆိုတာ
အဲ့ပုံထဲက လက်စွပ်ကို ကြည့်နေရင်းနဲ့ ...ခုလက်ရှိ ကျတော်ရပ်နေတဲ့နေရာ
အရှေ့မှာ ရှိတဲ့ ပင်လယ်ကြီး
ကျတော် ခဏခဏမက်တဲ့ အိပ်မက် ...
တစ်ဖြည်းဖြည်းချင်နဲ့ တစ်ခုချင်းဝိုးတဝါးနဲ့ ဖြည်းဖြည်းချင်း ပေါ်လာခဲ့သည်။
နောက်ဆုံး ကျတော် ဒီလက်စွပ်လေးကို
ဝတ်ပေးခဲ့တဲ့သူရဲ့ မျက်နှာကအစ...ဒီနေရာမှာ ကျတော်နဲ့ Nanon အတူရှိခဲ့တဲ့ ပုံရိပ်တွေဟာ
TVနဲ့ ပြန်ပြသလို တစ်ခုချင်း တစ်ခုချင်း ပေါ်လာခဲ့ပြီဖြစ်သည်။
အားလုံးကို ဖြည်းဖြည်းချင်းမှတ်မိလာတဲ့အချိန်မှာတော့
ကျတော် ဒီနေရာမှာပဲ ကျောက်ရုပ်ကြီးလို ရပ်နေခဲ့မိတယ်။
ကျတော့်ရဲ့ အတွေးတွေ စိတ်တွေ တကယ်ကို ဆောက်တည်ရာမရ
ဘယ်လိုများ မေ့သွားနိုင်ရတာလဲကွာ
ငါဘယ်လိုများ မေ့သွားနိုင်ရတာလဲ ....
YOU ARE READING
1.Don't Forget Me (Complete)
Fanfictionကမ္ဘာကြီးမှာ ဘယ်သူ့ကိုမှ မမှတ်မိတော့ဘဲ လမ်းပျောက်နေတဲ့အချိန် မင်းသာငါ့ကို မကယ်ခဲ့ရင် .... #OhmNanon fanfic လေးပါ // ကိုယ့်ရဲ့ ပထမဆုံးလက်ရာလေးဖြစ်တဲ့ ဒီfanficလေးကို စ,စချင်းရေးသားခဲ့တဲ့အတိုင်း သိမ်းထားချင်တာမို့ စာလုံးပေါင်းအမှားအယွင်းလေးတွေ များစွာ...