Don't Forget Me 💚❤️
Unicode
Part-22ဒီနေ့ မှာယူထားသည့်အရာများ စာရင်းတိုင်း ရောက်မလာ၍ အကြီးကျယ် အလုပ်ရှုပ်နေလေသည်။
ရှပ်အင်္ကျီ အပေါ်ကြယ်သီပါ ဖြုတ်ထားရပြီး
ပစ္စည်းနဲ့ စာရင်းကို ကိုယ်တိုင် ဆင်းတိုက်နေရသည်။ကိုယ်မှာယူထားသည်မှာ အမှန်ဖြစ်ပြီး လာပို့သည့်ကုမ္ပဏီဘက်မှ
မှားနေပေမယ့် တစ်ဖက်က ဝန်ထမ်းကောင်မလေးမှာလည်း သူ့အမှာဖြစ်မှာ စိုးလို့ အတင်းငြင်းနေတာနဲ့
ကိုယ့်ဘက်ကသေချာအောင် စာရင်း ယူနေရတာ ဖြစ်သည်။တခြားသူတွေလည်း ဝိုင်းကူညီပေးကြသည်။အဲ့တာတောင် နေ့တစ်ပိုင်းလောက် ကြာသွားခဲ့သည်။
"ပြီးပြီ အားလုံးပြီးပြီ"
ကူညီပေးတဲ့ ညီလေးတွေကို လည်း ကျေးဇူးတင်စကားပြောခဲ့အပြီး
အပေါ်တက်မည်အလုပ်"အကို "
ဘယ်သူကို ခေါ်လိုက်တာလည်း မသိပေမယ့် အသံကြားရာကို လှည့်ကြည့်လိုက်တော့ Moon Widara"ကျတော်ကိုခေါ်တာလား"
"ဟုတ်ပါတယ် အဆင်ပြေမယ်ဆို စကားနည်းနည်းပြောချင်လို့ပါ"
Ohmနဲ့ ပက်သတ်ပြီးပြောမှာပဲဆိုတာတော့ သိလိုက်သည်။
Hotelရဲ့ Restaurantထဲကို ဝင်သွားတာနဲ့ အနောက်ကနေပဲ လိုက်သွားလိုက်သည်။
ဝိုင်းတစ်ဝိုင်းမှာ ထိုင်ကြရင်း ဝိတ်တာလေးကို သူမပဲ ကော်ဖီနှစ်ခွက်ဆိုပြီး မှာယူလိုက်သည်။ ကိုယ့်ကိုလည်း ဘာမှမမေး။
ဝိတ်တာကောင်လေးထွက်သွားတဲ့ချိန်မှာတော့
ကျတော် လည်ပင်းကို စိုက်ကြည့်လာသည်။ သူကြည့်နေတာနဲ့ ကြယ်သီးဖြုတ်ထားမိတာကို ပြန်တပ်လိုက်ရင်း စကားစမေးလိုက်သည်။"သူဌေးရှိလာတာဆိုရင်တော့ ရုံးချုပ်မှာ meetingရှိလို့သွားပါတယ်"
" မဟုတ်ပါဖူး ကိုကို မရှိဖူးဆိုတာ သိလို့ ဒီက အကိုရှိကိုပဲလာခဲ့တာပါ"
"ဗျာ"
"ကိုကို ဘာမှ မပြောထားဖူးလား"
"ဘာမှ မပြောထားပါဖူး"
"အကိုနဲ့ ကိုကိုအကြောင်းကို သိထားပါတယ်"
ကျတော်အံဩသွားတယ် Ohmသူ့ကိုလည်း ဘာမှ မပြောထား
YOU ARE READING
1.Don't Forget Me (Complete)
Fanficကမ္ဘာကြီးမှာ ဘယ်သူ့ကိုမှ မမှတ်မိတော့ဘဲ လမ်းပျောက်နေတဲ့အချိန် မင်းသာငါ့ကို မကယ်ခဲ့ရင် .... #OhmNanon fanfic လေးပါ // ကိုယ့်ရဲ့ ပထမဆုံးလက်ရာလေးဖြစ်တဲ့ ဒီfanficလေးကို စ,စချင်းရေးသားခဲ့တဲ့အတိုင်း သိမ်းထားချင်တာမို့ စာလုံးပေါင်းအမှားအယွင်းလေးတွေ များစွာ...