Don't Forget Me 💚❤️
Part-3
Unicode
ဘာမှမမှတ်မိတော့တာကလွဲလို့ ကျန်တာအားလုံး အခြေနေကောင်းနေတာမို့
ဆေးရုံကနေ ဆေးရုံဆင်းလက်မှတ်နဲ့ ပြန်ပြရမယ့်ရက်ချိန်းယူပြီး ပြန်ဖို့ ပြင်ဆင်လိုက်သည်။
ဆိုင်မှာလည်း အလုပ်သမားအချို့ ရှိတယ်ဆိုပေမယ့် အမေတစ်ယောက်ထဲဖြစ်နေပြီမလားးးOhm အတွက် ဆေးရုံ ဟိုနားဒီနား ပတ်ရှာပြီး ဝတ်လို့အဆင်ပြေမယ်
အဝတ်အစားအချို့ ဝယ်လာခဲ့တယ်။ အဝတ်အစားတွေ လဲဝတ်ပြီး ထွက်လာတဲ့ Ohm ကိုကြည့်ရတာ ကျတော် နည်းနည်းတော့ ရယ်ချင်သွားတယ်။ အပေါ်က အဖြူရောင် အင်္ကျီအပါသားအပွလေးး ပြဿနာက ဘောင်းဘီ ပန်းပွင့် အဆင်နဲ့ ကိုရီးယားကားထဲက အဒေါ်ကြီးတွေ ဝတ်တဲ့ပုံမျိုး 🤭
ကျတော်လည်း တွေ့တာဝယ်လာရတာဆိုတော့
"ဘာဖြစ်လို့လဲ အဆင်မပြေဖူးလား"
ကျတော်ရုပ်ဘလိုဖြစ်လို့လဲ မသိဖူး တစ်ဖက်က မေးလာတော့မှ
"ကောင်းတယ် အဆင်ပြေတယ် 😄
သွားကြမယ် ဒီကနေ တစ်နာရီကျော်လောက် မောင်းရမယ် မင်း အဆင်ပြေတယ်မလား "
" ပြေပါတယ် "
×××
ကမ္ဘာကြီးမှာ အသိမရှိ မိဘတွေ ဘယ်သူလည်းမသိ
အတိတ်အားလုံးကို စဉ်းစားမရ
လူတိုင်းဟာလည်း မသိတဲ့ သူတွေကြီးပဲ
ခုချိန်မှာ သူကိုခေါ်လာခဲ့တဲ့ Nanon သည်သာ သူအသိ သူယုံကြည်ထားမိတဲ့သူ ဖြစ်တယ်။ဒါတောင် ခုမှ စသိတဲ့သူဖြစ်တာမို့ စိမ်းသပ်သပ်ဖြစ်နေသေးသည်။ ရှေ့ဆက် ဘာတွေဖြစ်လာမလဲ
ငါဘယ်သူလဲ ဆိုတာ ဘယ်တော့သိရမလဲ
ကျတော်ကားမှန်ရဲ့ အပြင်ဘကို ကြည့်ရင်း အတွေးနယ်ချဲ့နေလေသည်
ထိုအချိန် အသံတစ်ခု ဝင်လာသည်
" ရေသောက်ချင်ရင် အနောက်ခန်းမှာ ရှိတယ်နော်"
"အော်...အင်း ရပါတယ်"
"ဘာတွေတွေးနေတာလဲ"
"မျိုးစုံပါပဲ မင်းရော ငါ့ကိုခေါ်လာရတာ အဆင်ပြေရဲ့လား"
"ပြဿနာတော့ သိပ်မရှိပါဘူး ငါတို့က သားအမိနှစ်ယောက်ထဲရှိတာ
Maeက ဆိုင်မှာနေတယ် ငါကတော့ ဆိုင်ခန်းနဲ့ သိပ်မဝေးတဲ့ နေရာမှာ အိမ်တစ်လုံးရှိတယ် အဲ့မှာနေတယ် မင်းလည်း အဲ့မှာလိုက်နေပေါ့ ပြီးတော့ မင်းဒီတိုင်းမနေရဘူး "
"ဟမ်" ကျတော်ရဲ့ အံဩတဲ့ အသံကို ကြားပြီး ထိုကောင်လေးခင်ဗျာ အမြန်ရှင်းပြရှာတယ်
"ဆိုင်အလုပ်တွေ လုပ်ရမယ်လို့ ပြောမလို့လေ"
"ဪ ... မပြောလည်း လုပ်ပေးမှာ မင်းတို့က ငါ့ရဲ့ အသက်သခင်ကျေးဇူးရှင်တွေလေ"
"အဲ့ခေါင်းစဉ်ကြီး တပ်ပြီးတော့တော့ မခိုင်းချင်ပါဘူးးကွာ
Maeက လစာပေးမှာပါ ဟုတ်ပြီလား ငါ့ရဲ့ လက်ထောက် 😎"
"ဟုတ်ပါပြီဗျာ"
စကားတွေ ပြောဖြစ်လိုက်တော့
နှစ်ယောက်သားပေါ့ပေါ့ပါးပါးလည်း ဖြစ်လာတယ် ကျတော်ရဲ့ ပူပန်စရာ အတွေးတွေကနေလည်း လွတ်မြောက်ခဲ့တယ်
အဲ့လိုနဲ့ သူတို့နေထိုင်သော မြို့လေးသို့ရောက်လာခဲ့သည်
မြို့လေးက အေးချမ်းပါတယ် ပင်လယ်ကြီးလည်းရှိတယ်
လူတွေလည်း စည်စည်ကားကားရှိတယ်။ ကားစီးလာရတာ ပင်ပန်းလာတာရော ကျတော်ကလည်း ဆေးရုံဆင်းခါစဆိုတော့
Nanonက သူနေတဲ့ အိမ်ကိုပဲ မောင်းလာခဲ့လေသည်။
" ဆင်းတော့ ငါတို့ရောက်ပြီ"
ကျတော် ဆင်းပြီး ဘေးဘီကြည့်လိုက်တယ်။ သူဘာသာ အစီအရီ ခြံနဲ့ဝန်းနဲ့ အိမ်လေးတွေကို တွေ့ရတယ်
Nanon က ရှေ့ကနေ သော့ဖွင့်ပြီး ဝင်သွားကာ ကျတော့ကို ဝင်လာဖို့ လှမ်းလက်ပြ ခေါ်ယူတယ်
ကျတော်လည်း လိုက်သွားခဲ့တယ်
အိမ်က အနည်းငယ်တော့ကျဉ်းတယ်
ဝင်ဝင်လာချင်းရဲ့ ညာဘက် အတွင်းဘက်မှာ အိမ်သာ ရေချိုးခန်း
ဘယ်ဘက်မှာတော့ မီးဖိုချောင်နဲ့ ထမင်းစားခန်းလေးက တစ်နေရာ
အရှေ့ဘက်ကို ဆက်လျှောက်ရင် တီဗီစင်နဲ့ ဆိုဖာခုံရှည်ရှိတဲ့ ဧည့်ခန်း။
ဧည်ခန်းရဲ့ ဟိုဘက်မှာတော့ အိပ်ခန်းတစ်ခန်းသာရှိတယ်။
ငါ ဘယ်မှာနေရမှာလဲ ဧည့်ခန်းမှာလားး ???တွေးနေတုန်း
" လာခဲ့လေ "
" အွန်း အခန်းက တစ်ခန်းထဲလား"
" အင်း ဟုတ်တယ် ငါကတစ်ယောက်ထဲနေတာဆိုတော့ ဒီအိမ်က အတော်ပဲ"
အင်း ဟုတ်လည်း ဟုတ်ပါတယ် အိမ်ကတော့ သူဟာနဲ့သူ အဆင်ပြေနေတာပဲလေ
" အာ့ဆို တစ်ခန်းထဲအတူနေကြရမှာပေါ့"
"အေးဟေးး ... အထဲလာဝင်ကြည့်ဉီး
တစ်ခန်းထဲဆိုပေမယ် မင်းက အပေါ်မှာ အိပ်ရမှာ"
" aww.. မသိပါဖူး အတူတူအိပ်ရမယ်ထင်လို့ 5555"
"မဟုတ်ပါဖူးး ငါကတစ်ယောက်ထဲပဲ အိပ်တတ်တာ" ဆိုပြီး မျက်စောင်းထိုးသွားတာလား ဘာလားမသိ အခန်းထဲ ဝင်သွားတယ်
ကျတော်လည်း လိုက်ဝင်သွားလိုက်တယ်။
အခန်းထဲမှာက
လှေကားနဲ့ ထပ်တက်ရတဲ့ ထပ်ခိုးတစ်ထပ် ရှိနေတယ်
×××
ကျတော် ထပ်ခိုးထပ်ကို ရှင်းလင်းပြီး အိပ်ယာခင်း ခေါင်းအုံး စောင်
ပြင်ဆင်ပေးလိုက်တယ်။
ထပ်ခိုးခန်းဆိုတော့ ကျတော်အရပ်နဲ့ကတော့ နည်းနည်း လွတ်တယ်
သူနဲ့တော့ နည်းနည်းမလွတ်လောက်ဖူး ဒါမယ့် ဒီနေရာပဲရှိတာဆိုတော့
" Ohm တက်လာခဲ့လေ ပြီးပြီ "
....
" ဘယ်လိုလဲ အဆင်ပြေရဲ့လား ခေါင်းလွတ်ရဲ့လား"
"ရပါတယ် နည်းနည်းပဲ ထိသလိုလေးပေါ့ "
"Okay အာ့ဆို နားဦး ခနနေ ညနေပိုင်း ရောက်ရင် မင်းအဝတ်စားနည်းနည်း လိုက်ရွေးပေါ့"
"ငါတော်တော်အားနာနေပါပြီ"
"အားနာရင် အကြွေးလို့မှတ်လိုက်လေ ဆိုင်မှာ အလုပ်ဝင်ပြီးရင် ပြန်ဆပ်ပေါ့"
"အိုခေခ"
YOU ARE READING
1.Don't Forget Me (Complete)
Fanficကမ္ဘာကြီးမှာ ဘယ်သူ့ကိုမှ မမှတ်မိတော့ဘဲ လမ်းပျောက်နေတဲ့အချိန် မင်းသာငါ့ကို မကယ်ခဲ့ရင် .... #OhmNanon fanfic လေးပါ // ကိုယ့်ရဲ့ ပထမဆုံးလက်ရာလေးဖြစ်တဲ့ ဒီfanficလေးကို စ,စချင်းရေးသားခဲ့တဲ့အတိုင်း သိမ်းထားချင်တာမို့ စာလုံးပေါင်းအမှားအယွင်းလေးတွေ များစွာ...