Part-19 (Unicode±Zawgyi)

901 67 35
                                    

                 Don't Forget Me 💚❤️

Unicode
Part-19

ခရီးက ပြန်လာပြီးထဲက အားလုံး အလုပ်တွေ ရှုပ်နေကြရတယ်။ ဖွင့်ပွဲပြီးရင် ဒီထပ်တောင် ပိုအလုပ်ရှုပ်ဦးမလားပဲ။
ကျတော်လည်း အပေါ်အောက်ပြေးနေရတယ်။

Restaurantနေရာနဲ့ ရုံးခန်းနဲ့က မိုးနဲ့မြေမလားးး
အားလုံး အလုပ်တွေ ရှုပ်နေကြတော့ Ohmကိုတောင် မတွေ့ဖြစ်။
ပြောနေတုန်းမှာပဲ
Meeting Roomဘက်ကနေ နိုင်ငံခြားဧည့်သည်တွေနဲ့အတူ စကားတွေပြော ထွက်လာလေသည်။
အကျိုးတူ ပူးပေါင်းတဲ့ တရုတ်နိုင်ငံက ကိုယ်စာလှယ် အချို့နဲ့ Ohmနဲ့ တွေ့ဆုံနေတာဖြစ်တယ်။Ohmက သူကိုယ်တိုင် လိုက်ပြ သူကိုယ်တိုင် တရုတ်လိုတွေ ရှင်းပြနေတယ်။
တကယ့်ကို တော်ပြီး ထက်မြတ်တဲ့သူ တစ်ယောက်ဖြစ်တယ်ဆိုတာ
အတိုင်းသားမြင်နေရတယ်။
ဟိုးအရင် နယ်မြို့လေးမှာ နေထိုင်ခဲ့တာ ဒီOhmပါဆိုတာ ကျိန်ပြောလို့ရတယ်

" ဟျောင့် နေ့လယ်စာ သွားစားမယ် "
Wai ကျတော်ကို ထမင်းစားဖို့ လာခေါ်တယ်။

"အေး သွားကြမယ်"

"အပေါ်မှာ မင်း ဘာတွေ စဉ်းစားနေတာလဲ"

"Ohm အကြောင်းတွေပါ"

"ဒီလောက် အရှေ့ကြီးမှာ ရှိနေတာတောင် စဉ်းစားနေတုန်းပဲလား"

"ဒီလိုပါ ခုလက်ရှိ Ohmက ငါသိခဲ့တဲ့ Ohmနဲ့ အများကြီးကွာခြာတယ်
ခု Ohmက အရာရာမှာတော်တယ်။ ချမ်းသာတဲ့ မိသားစု၊ ဘေးပတ်ပတ်လည်ကလည်း ချမ်းသာတဲ့ အသိုင်းဝိုင်းတွေနဲ့
အရင်က ငါနဲ့တူတူ Deli ပို့၊ စားပွဲဝိုင်းထိုး၊ တစ်ခါတစ်လေ မီးဖို့ချောင်ထဲ အတူတူ ပန်ကန်တွေ ဝင်ဆေး အဲ့လိုနေခဲ့တဲ့ သူတစ်ယောက် မဟုတ်တော့ဖူးလေ အဲ့တာကို တွေးမိနေတာပါ"

" မင်းမဟုတ်တာကျနေတာပဲ ဘာတွေ စိတ်ပူနေတာလဲ
ငါက ပြောပြလိုက်ပါပြောတော့လည်း မပြောပြဖူး"

" အေးကွာ ငါလည်း ငါမဟုတ်သလိုပဲ
ရှေးဆက်ရမလား ရပ်လိုက်ရမလားတောင် တွေးတွေးမိတယ် "

"အဲ့တာကတော့ မင်းဆုံးဖြတ်ချက်ပါ
ဒါပေမယ် မင်း ချစ်နေတယ်ဆိုတဲ့ အရာရဲ့ နောက်မှာတော့ တခြား ကွာခြားလွန်းတဲ့ ဟာတွေကို သိပ်မကြည့်ပါနဲ့"

1.Don't Forget Me (Complete)Where stories live. Discover now