Don't Forget Me💚❤
Unicode
Part-4
🍁တစ်နှစ်ကြာပြီးနောက် ....🍁
" ဟျောင့် Ohm"
အော်ခေါ်ပြီး လှေကားပေါ်တက်လာသော Nanon ကြောင့်
ဝတ်လက်စ ဘောင်းဘီကို အမြန် ဝတ်လိုက်ပြီး ထရပ်လိုက်တာ
"ဒုန်းးး"
ဘာသံဖြစ်မလဲ ???
ဟုတ်ပါတယ် ခေါင်မိုးနဲ့ ခေါင်း မိတ်ဆက်တာလေးပါ -_-
"အားးး ဘာဖြစ်လာတာလဲကွာ အလန့်တကြားးး"
" ဘာဖြစ်လာရမှာလဲ မင်း ငါ့အတွင်းခံ ယူဝတ်ပြန်ပြီ မလားး"
အု....
ဘာမှပြန်မဖြေလို့ ကျတော့် ဘောင်းဘီကို အတင်း ဆွဲကြည့်ပါလေရော
ကျတော်ကရှောင် သူက ဆွဲကြည့်နဲ့
ကြာလာတော့ အမြန်ဖြေလိုက်ရတယ်... (nnn တော်တော်ဆိုးတာပဲ 😛)
" အေးဟေးး ဟုတ်တယ်
မင်းမှ ငါ့ကို အသစ် မဝယ်ပေးတာ"
ကိုယ်ဘာသာ ဝယ်လည်း ရတယ် ဆိုပေမယ့် တစ်ခါတစ်လေ အဲ့လို ကပ်စီးကုတ်ပြီးကို ဝယ်ခိုင်းနေတာဖြစ်တယ်
" မင်း ဘာသာ ဝယ်လို့ရရဲ့သားနဲ့နော် ညစ်ပြီး ဂျီကျနေတာပဲ
ခလေးလား ခလေးလားး"
အမယ် သူကျ ဂျီမကျတက်ဖူးဆိုတော့
စိတ်ထဲက ပြောလိုက်တာပါ မဟုတ်ရင် လက်က လာတော့မှာ...{အချိန် တစ်နှစ်ကြာသွားတဲ့အခါမှာ တစ်ယောက်အကြောင်း တစ်ယောက် သိလာကြတယ်
စကားပြောတာတွေက အစ ရင်းနှီးလာကြတယ်
အတူ အလုပ်လုပ်ကြတယ် အတူစားတယ် အတူသွားတယ်
Mae မှာလည်း တကယ်ကို သားနှစ်ယောက် ရနေသလိုပဲ
တစ်ခါတစ်ခါဆို ကျတော်က စ Nanon က မျက်နှာကြီးရဲနေအောင် စိတ်ဆိုပြီး လိုက်ချလို့ ပြေးပြီး Mae အနောက်မှာ
ပုန်း အကူညီတောင်းရတယ်
" Mae အရင်ကဆို သားအမိနှစ်ယောက်ထဲရှိတာဆိုတော့ ဒီလိုမဟုတ်ဖူး တိတ်ဆိတ်နေတာ ခုမှပဲ စိုစိုပြည်ပြည်ဖြစ်တော့တယ်"လို့တောင် ပြောသေးတယ် }စိတ်ဆိုးနေတဲ့ ပုံကို ကြည့်ပြီး ရယ်လိုက်သည်
"ဘာရယ်တာလဲ"
"မင်း စိတ်ဆိုးတဲ့ပုံက ရယ်ရလို့ပါကွာ
ခုတော့ ထားလိုက်တော့ ဝတ်လက်စကြီးမို့လို့ နော် နော် နော်
ဒီတိုင်းအတွင်းခံမပါဘဲနဲ့တော့ မထွက်စေချင်ဖူး မလားးး"
"ချီးးးး အရှက်မရှိဖူးကွာာာ ဝတ်ထား မဝတ်ဘဲနဲ့တော့ လိုက်မလာနဲ့နော် "
"ဟုတ်ပါပြီ အကိုနွန်ဗျ"
ကျတော်ပြောတဲ့ပုံကို ကြည့်ပြီး ရယ်လေသည်
"ပြီးရင် ဆင်းခဲ့ ဆိုင်အတွက် ဝယ်စရာလေးတွေရှိတာ သွားကြည့်ကြမယ်
ဒီနေ့ မင်း ဆိုင်ကယ်မောင်းး"
" အိုခေ ခနစောင့် "
'ဒီနေ့ မင်း ဆိုင်ကယ်မောင်းတဲ့' အမြဲ ကျတော်ပဲ မောင်းနေရတာကို -_-
....
××
ကျတော်တို့အမြဲသွားနေကျ ဈေးတန်းသို့ရောက်လာခဲ့သည်
တစ်ချို့ဆို မျက်မှန်းတန်းမိနေကြသည်
ယောကျာ်းလေးနှစ်ယောက်ထဲ အမြဲလိုလို တတွဲတွဲလာတတ်တာမို့လို့
"ကောင်လေးတို့ အားပေးသွားပါဦး"
"ဟုတ် အပြန်မှပဲ ဝင်ခဲ့မယ်နော်"
နယ်ခံကြီး ဖြစ်နေတဲ့ Ohm ဖြေကြားလိုက်တာပါ နယ်ခံကြီးလေ
ကျတော်ထပ်တောင်သူက ရင်းနှီးတဲ့သူ ပေါ်သေးတယ်
ဈေးထဲက တစ်ချို့ မိန်းခလေးတွေဆိုလည်း လိုက်ကြည့်နေကျ သူ့ကိုဆို
ဟုတ်ပါတယ် Ohm က ဘာရောင်ဖြစ်ဖြစ် ဘယ်လို အဝတ်အစားဖြစ်ဖြစ် သူ့ bodyနဲ့က လိုက်ဖက်တယ်။ မျက်နှာပြောင်လွန်းတာကလွဲလို့ပေါ့ ဟွန်း
ဆိုင်ခန်း လိုက်ကာတွေ လဲချင်လို့ လာဝယ်တာမို့ လိုက်ကာ ပိတ်စရနိုင်မယ့် ဆိုင်ထဲသို့ ဝင်လာခဲ့သည်
အဆင်တွေရွေးကြရင်း အဆင်နှစ်ခုကိုတော့ နှစ်ခုလုံးကြိုက်တာမို့လို့
ရွေးရတကယ်ခက်နေတာနဲ့ Ohmကိုမေးလိုက်တယ်
" နှစ်ခုလုံး ဝယ်လိုက်ရမလား"
" ဟ အဲ့လို မလုပ်နဲ့လေ မင်းအသုံးဖြုန်း အရမ်းမကြီးနဲ့"
" အမလေး မီတာခများတဲ့ မီးတွေကို ဘယ်သူလဲ မပိတ်ဘဲ ထားထားခဲ့တာ
ထမင်းကြမ်းဆို မစားတော့တာ ဘယ်သူလဲ နောက်ထပ်နောက်ထပ် အများကြီး ရှိသေးတယ်နော် သူဌေးသားလေး "
"ဟာ သူကိုပြောနေတာကို မိန်းမကြီးလို တစ်ဗြစ်တောက်တောက်နဲ့ပြန်ပြောနေပါလားးး"
"ချီးယားး ဘယ်က မိန်းမကြီးလဲ ပြော"
"အဟမ်း အကိုတို့ မိန်းမတွေယောကျာ်းတွေ နောက်မှခွဲပါဗျ
ခု ဘယ်ဟာ ယူမှာလဲ မသိဖူး"
ဆိုင်ရှင် ဝင်တားလိုက်တဲ့ စကားကျမှ ဒုက္ခပိုတွေ့သွားတော့တယ်
နားတွေလည်း ထူပူတာနဲ့ တစ်ဆင်ကို အမြန်လက်ညိုးထိုးပြပြီး ဆိုင်ထဲက အမြန် ထွက်လာခဲ့လိုက်သည်။
YOU ARE READING
1.Don't Forget Me (Complete)
Fanfictionကမ္ဘာကြီးမှာ ဘယ်သူ့ကိုမှ မမှတ်မိတော့ဘဲ လမ်းပျောက်နေတဲ့အချိန် မင်းသာငါ့ကို မကယ်ခဲ့ရင် .... #OhmNanon fanfic လေးပါ // ကိုယ့်ရဲ့ ပထမဆုံးလက်ရာလေးဖြစ်တဲ့ ဒီfanficလေးကို စ,စချင်းရေးသားခဲ့တဲ့အတိုင်း သိမ်းထားချင်တာမို့ စာလုံးပေါင်းအမှားအယွင်းလေးတွေ များစွာ...