Don't Forget Me 💚❤️
Unicode
Part-12
မိုးလင်းလာတာနဲ့ အနားမှာ ကိုယ်ချစ်ရတဲ့သူကို မြင်နေရတာက
ကြည်နူးစရာကောင်းတဲ့ အရာတစ်ခု ဖြစ်တယ် ။
ဒီလူသားလေးကို ချစ်တဲ့စိတ်က မနက်ခင်နိုးထဖို့ အင်အား အပြည့်အဝဖြစ်စေတယ်။ကျတော်ရဲ့ လက်တစ်ဖက်ကို ဖိပြီး အိပ်နေတဲ့ Nanonရဲ့ နှာခေါင်းလုံးလုံးလေးကို ဖွဖွလေး ညှစ်ပြီး နှိုးလိုက်တယ်။
အိပ်ချင်မူတူးအသံလေးနဲ့ ဟိုဘက်ကို လှည့်သွားတယ်။
အနောက်ကနေ အုပ်မိုးဖက်လိုက်ရင်း Nanon နား နားကပ်ကာ"ထတော့လေ Non"
"ဟာ...Ohm ယားတယ်"
ယားလို့ တွန့်သွားတဲ့ Nanon ကို ကြည့်ပြီး ထပ်စချင်ပေမယ့်
ဆိုင်သွားရမှာမို့ အရင်ဆုံးထလိုက်ပြီး ရေချိုးခန်း ဝင်လိုက်သည် ။ဒီရက်ပိုင်း Menu သစ်က အမှာအရမ်းကျတာမို့ မနက်ပိုင်းတောက်လျှောက်ဆို အားတယ်ကို မရှိပါ။
ဒီနေ့တော့ ဆိုင်မှာ မိသားစုလိုက် အုပ်စုတစ်စု စားသောက်ကြရင်း
ဓါတ်ပုံရိုက်နေကြသည်။ ကျတော် အဲ့နေရာက ဖြတ်သွားတော့ အကူညီလှမ်းတောင်းကြတယ်
"P' ဓါတ်ပုံလေး ရိုက်ပေးလို့ရမလား"" အော် ဟုတ် ရပါတယ်
ရိုက်တတ်ပါ့မလား မသိဘူး စမ်းကြည့်မယ်နော်"သူတို့ရှိမှာ ပါလာတဲ့ ကင်မရာကို ယူပြီး ရိုက်ကြည့်တဲ့အခါမှာ
ထင်မထားမိအောင် ကျွမ်းကျွမ်းကျင်ကျင် ရိုက်တတ်နေတဲ့ အပြင်
အဲ့လိုရိုက်နေရတဲ့ အတော်အတွင်း
ပျော်ရွှင်ရတဲ့ ခံစာချက်မျိုး ဖြစ်လာတယ်။
အာရုံထဲမှာ အရင်က အသုံးပြုဖူးသလို၊ ရှု့ခင်းနေရာတွေကို ဓါတ်ပုံရိုက်နေသလိုလိုမျိုး ပေါ်လာတယ်။
ကင်မရာကို ကြည့်ရင်း ထိုမှတ်ဉာဏ်အချို့ကို ဆွဲခေါ်နေပေမယ့် ယောင်ဝါးဝါးသာပေါ်လာသည်။"P' ရိုက်ပြီပြီလားဗျ"
"ဪ ဟုတ်..ပြီးပါပြီ ဒီမှာ ကင်မရာလေးပါ"
"ကျေးဇူးပါ P'"
"ဟုတ် ...ရပါတယ်"
....ညနေပိုင်း လူရှင်းသွားပြီမို့လို့
အပြင်ကို ကောင်းစွာ မြင်နေရတဲ့
စားပွဲဝိုင်းမှာ ထိုင်ရင်း အပြင် ပင်လယ်ပြင် ရှု့ခင်းကို ငေးကြည့်ကာ နေ့လယ်က အကြောင်းကို ပြန်စဉ်းစားရင်းး အတွေးများ နယ်ချဲ့နေလေသည်။
YOU ARE READING
1.Don't Forget Me (Complete)
Fanficကမ္ဘာကြီးမှာ ဘယ်သူ့ကိုမှ မမှတ်မိတော့ဘဲ လမ်းပျောက်နေတဲ့အချိန် မင်းသာငါ့ကို မကယ်ခဲ့ရင် .... #OhmNanon fanfic လေးပါ // ကိုယ့်ရဲ့ ပထမဆုံးလက်ရာလေးဖြစ်တဲ့ ဒီfanficလေးကို စ,စချင်းရေးသားခဲ့တဲ့အတိုင်း သိမ်းထားချင်တာမို့ စာလုံးပေါင်းအမှားအယွင်းလေးတွေ များစွာ...