Don't Forget Me 💚❤️
Unicode
Part-24ကျတော် ပင်လယ်ကမ်းခြေလို နေရာကိုရောက်နေတယ်။
ဘေးနားမှာ လူတစ်ယောက်ရှိတယ်။
အဲ့လူတစ်ယောက်နဲ့အပြန်အလှန် လက်စွပ် ဝတ်ပေးနေကြတယ်
ကတိစကားမျိုးတွေရော ပြောနေကြတယ်။ အဲ့တာက ဘယ်သူလဲ
ဘယ်သူဖြစ်မလဲ မော့ကြည့်လိုက်တဲ့ အချိန်မှာ အလင်းတန်းတစ်ခု ကျရောက်လာပြီး ကျတော်လည်း နှိုးသွားခဲ့တယ်။
ငါ အိပ်မက်မက်နေတာပဲ။အိပ်မက်က တကယ့်အတိုင်းကြီးဖြစ်နေသလို
ကျတော့်လက်တွေကို ကြည့်လိုက်တော့ လက်စွပ်ရှိမနေခဲ့
စိတ်ထဲ တကယ့် ဟာတာတာကြီး ဖြစ်သွားတယ် ။
အိပ်မက်က အတိတ်လား ဒါမှမဟုတ် အနာဂါတ်ဖြစ်မယ့်ဟာကို ကြိုမက်တာလား။ Nanonတို့မြို့ကို လိုက်သွားမှာလည်း ဒီနေ့ပဲမလား။အဲ့တာကြောင့်ပဲ စိတ်စွဲပြီး မက်သလား။ဒီနေ့မနက်ကို အိပ်ယာထပြီးတာနဲ့ Nonကိုသွားခေါ်မယ် ပြီးရင် Nonရဲ့ ဇာတိမြို့ကို သွားကြမှာဖြစ်တယ်။
သူနေတဲ့ မြို့လေးကို လိုက်ခဲ့မယ်ဆိုတော့
အရမ်းကိုပျော်သွားတဲ့ ကောင်လေး
သူပျော်တာမြင်ပြီး ကျတော်လည်း တကယ့်ကို ပျော်ရပါတယ်။ရေချိုးကာ ပြင်ဆင်စရာရှိတာတွေပြင်ဆင် ထည့်စရာရှိတာတွေ့ထည့်ပြီး
Nanonကိုဝင်ခေါ်ဖို့ ထွက်လာခဲ့လိုက်တော့သည်။မျက်နှာကအစ ရွှင်လန်းနေတဲ့ ကောင်လေးက အိမ်ရှေ့မှာကို ရပ်စာင့်နေတယ်။
"လာမှာပေါ့ နေပူထဲ ရပ်စောင့်ရလား"
ရယ်ပဲပြပြီး ကားပေါ်ကို တက်လာခဲ့သည်။"ဟုတ် Mae ခုပဲ ဘန်ကောက်ကနေ စထွက်လာနေပြီ"
"📞.....""ဟုတ်"
"📞....."
"ဟုတ်"
"📞..."
"ဟုတ် Ohmမောင်းတာ"
"📞...."
"ဟုတ် ဂရုစိုက်မောင်းခဲ့လိုက်မယ်နော် ဒါပဲနော်
ဟိုရောက်မှ တွေ့မယ်Mae"Nanon သူ့ အမေနဲ့ ဖုန်းပြောနေတာ တစ်ချက်တစ်ချက် ကိုယ့်နာမည်ပါပါလာလေတယ်။
"Non ကိုယ့်အကြောင်း ဘယ်လောက်တောင်ပြောထားတာလဲ"
"အကုန်လုံးပဲ တိုင်လည်း တိုင်ထားသေးတယ်"
YOU ARE READING
1.Don't Forget Me (Complete)
Fanfictionကမ္ဘာကြီးမှာ ဘယ်သူ့ကိုမှ မမှတ်မိတော့ဘဲ လမ်းပျောက်နေတဲ့အချိန် မင်းသာငါ့ကို မကယ်ခဲ့ရင် .... #OhmNanon fanfic လေးပါ // ကိုယ့်ရဲ့ ပထမဆုံးလက်ရာလေးဖြစ်တဲ့ ဒီfanficလေးကို စ,စချင်းရေးသားခဲ့တဲ့အတိုင်း သိမ်းထားချင်တာမို့ စာလုံးပေါင်းအမှားအယွင်းလေးတွေ များစွာ...