Part-13 (Unicode±Zawgyi)

705 65 15
                                    

Don't Forget Me 💚❤️

Unicode

Part - 13

ဒီနေ့ လူနာတွေ များတာကြောင့် တော်ရုံနဲ့ ကျတော်တို့ သားအမိအလှည့် မရောက်လာပေ။ အမေအလှည့်‌ရောက်ဖို့ကို တော်တော်စောင့်ယူလိုက်ရသည်။ ခြားထဲမှာလည်း အရေးပေါ် လူနာတွေက ဝင်သေးသည်။
"တော်သေးတာပေါ့ သားရယ် နေ့လယ်စာ စားပြီးမှ ထွက်ခဲ့လို့ "
"ဟုတ်ပါ့ Mae ရယ် ဒီခေါက်လည်း မိုးချုပ်ဦးမယ် ထင်တယ်"
အဲ့လိုစောင့်နေရင်းနဲ့မှ နောက်ဆုံးတော့ ကျတော့တို့အလှည့်ရောင်လာခဲ့သည်။

"သား ‌ဆေးခန်းထဲ ဝင်ရတော့မယ် ဖုန်း Silentလုပ်ထားလိုက်ဦး"
" ဟာ ဟုတ်သားပဲ မေ့တော့မလို့"
ဒါက ဆေးခန်ထဲ ဝင်ခါနီးတိုင်း အမြဲလုပ်နေကျ ဖြစ်သည်။

ဆရာက Mae ရဲ့ ဆေးစစ်ချက်တွေကို စစ်ဆေးပြီး
ဆေးကို လိုတိုးပို့လျော့ ပြောင်းလဲပေးလိုက်တယ်။
အရင်လို တစ်လစာ ဝယ်လာပြီး ကား parking ထိုးထားတဲ့ရှိသို့ သွားလိုက်ကြသည်။

ပြန်ခါနီး ကားပေါ်မတက်ခင် Ohm ဘာမှာဦးမလဲ မသိဖူး ဆိုပြီး
ဖုန်ဆက်မလို့ လုပ်လိုက်တဲ့ အချိန်မှာတော့
ဖုန်းထဲမှာ Ohm ရှိမှ Misscall တွေဝင်နေလေသည်။
'ငါကို ဖုန်းပြန်ခေါ်ပါ' ဆိုပြီး messageလေးလည်း တွေ့လိုက်သည်။

ဖုန်းပြန်ခေါ်ကြည့်လိုက်တော့ ဖုန်းက စက်ပိတ်ထားပါသည်ပဲ ပြောနေလေသည်။ဘာများဖြစ်သလဲ မသိဖူး။
အိမ်ပြန်လမ်းမှာတော့ အရင်ထက် အမြန်နှုန်းလေး တင်လာခဲ့လိုက်သည်။

ဆိုင်ကို ပြန်ရောက်တော့ ဆိုင်ကို သိမ်းဖို့ လုပ်နေကြပြီ ဖြစ်တယ်
Ohm ကို လိုက်ရှာနေတုန်း အနောက်ဘက်ကနေ
ဦးလေးကျိုင်ရောက်လာပြီး

"Nanon ... Ohmကို ရှာနေတာလား"

" ဟုတ် ဦးလေး
ကျတော်ကို ဖုန်းဆက်ထားတယ်
ဖုန်းက silentလုပ်ထားလို့ မကြားလိုက်တာ"

"နေ့လယ် သုံးနာရီဝန်းကျင်လောက်ကဖြစ်မယ် လူတစ်ယောက် Ohmနဲ့ စကားပြောနေတယ်
ခဏကြာတော့ Ohm က ဝင်လာပြီးလာပြောတယ်
သူကို သိတဲ့သူ သူ့အစ်ကိုဆိုလား ရောက်လာတာမို့လို့ ခဏ လိုက်သွားမယ်ဆိုပြီး"

" အာ့ဆို Ohm က အဲ့သူစိမ်းနဲ့ လိုက်သွားတာပေါ့ ဟုတ်လား ဦးလေး"

1.Don't Forget Me (Complete)Where stories live. Discover now