Don't Forget Me💚❤
Unicode
Part-6ကိုယ်တိုင်ဆို ဒီလို ချိန်းဆိုမှုက ရှိဖို့ ဖြစ်လာနိုင်ချေနည်းသည်။ သိုသော် Ohmက လုပ်ချလိုက်ပြီမို့ မတတ်သာတော့ဘူး။ မသွားပါဘူး ဘာညာဆိုလည်း မိန်းခလေးဘက်ကို အားနာစရာ ။ ဘဝအတွက်စဉ်းစားကြည့်ရင် ရွေးချယ်လို့ကောင်းတဲ့သူတစ်ယောက်ပါပဲ။
နောက်တစ်ခုက ကျတော့ရဲ့ နှလုံးသား အချို့ကို စမ်းသပ်ကြည့်ချင်တာလည်း ပါတယ်။ရုပ်ရှင်ချိန်က နေ့လယ်လောက်ဆိုပေမယ့် ရောက်မယ်ချိန်ကို ကြိုတွက်ကာ
စောစောထွက်ဖို့ ပြင်ဆင်လိုက်သည်။ ရေမိုးချိုးပြီး အပြာရောင် အစင်းကြားလက်ရှည် shirtအင်္ကျီကို အမဲရောင်ဘောင်ဘီနဲ့ တွဲ ဝတ်လိုက်တယ်။သုံးနေကျရေမွှေးစွတ်ပြီ အခန်းထဲက ထွက်လာခဲ့ လိုက်သည်။ ဘေးဘီလှည့်ကာ Ohm ကို လိုက်ကြည့်ပေမယ့် မတွေ့။
ကျတော် နိုးတော့ သူမထသေးပါ။ ဘယ်ချိန်က ဘယ်လို ဘယ်ရောက်သွားပါလိမ့်။မိန်းခလေးတွေနဲ့ မDateတာ တော်တော်ကြာနေပြီးမို့ စိတ်ထဲ နည်းနည်းတော့ တစ်မျိုး ဖြစ်မိတယ်။ ရင်ခုန်တာမျိုးတော့ မဟုတ်ဖူး။
အတွေးများနဲ့ အိမ်ပြင်ထွက်လာလိုက်တော့ ဆိုင်ကယ်ဆေးနေတဲ့ Ohmကိုတွေ့လေသည်။"ဟော မင်းကဒီမှာပဲ အိမ်ထဲမှာ မတွေ့လို့ ဆိုင်ထွက်သွားပြီထင်တာ"
" မသွားသေးပါဖူးး ရည်းစား မထားတာကြာတဲ့ ကောင်လေးတစ်ယောက် ဘယ်လို ဝတ်စားလာမလဲ ကြည့်ပေးရဦးမှာပေါ့"
"အဲ့တော့ ခု ဘယ်လိုနေလဲ "
" အင်း မဆိုးပါဖူး ငါလောက်ေတာ့ မဟုတ်သေးဖူးးဟဟ"
" ခွေးကောင်" (မျက်စောင်းလေးက မပါမဖြစ်)
"ဒါနဲ့ ရေမွှေးတွေက တစ်ပုလင်းလုံးလောင်းချလာတာလားး"
ကျတော်ကိုယ်ကို လိုက်နမ်းပြီး ပြောတော့ သူကို တွန်းနေရင်း
"ဟာ ဘယ်ကသာ မင်းက ခွေးနှာခေါင်း ""ဒီနှစ်ယောက် ကျီစယ်ကြပြန်ပြီလား"
အသံဝင်လာသူက အန်တီချိုင်
"မဟုတ်ပါဘူး အန်တီချိုင်ရယ် Ohm လိုက်စနေတာ"
" မင်းတို့နှစ်ယောက်လည်း မစရမနေနိုင် ခလေးနှစ်ယောက်ပဲ
မသိတဲ့သူဆို မတည့်တာမမြင်ဖူး ကောင်လေးအတွဲတွေလို့ မြင်နိုင်တယ် ဟာဟား"
"ဟာ အန်တီချိုင်ကလဲ "
နှစ်ယောက်လုံး အသံပြိုင်တူ ထွက်လာတယ်
YOU ARE READING
1.Don't Forget Me (Complete)
Fanfictionကမ္ဘာကြီးမှာ ဘယ်သူ့ကိုမှ မမှတ်မိတော့ဘဲ လမ်းပျောက်နေတဲ့အချိန် မင်းသာငါ့ကို မကယ်ခဲ့ရင် .... #OhmNanon fanfic လေးပါ // ကိုယ့်ရဲ့ ပထမဆုံးလက်ရာလေးဖြစ်တဲ့ ဒီfanficလေးကို စ,စချင်းရေးသားခဲ့တဲ့အတိုင်း သိမ်းထားချင်တာမို့ စာလုံးပေါင်းအမှားအယွင်းလေးတွေ များစွာ...