Part-28(Unicode±Zawgyi)

912 73 14
                                    

Don't Forget Me 💚❤️
Unicode
Part-28

Ohm ပြန်လာထဲက မျက်နှာလည်း ‌မကောင်းပါ။
ကျတော်တို့ စိတ်ထဲက ထင်ထားခဲ့တဲ့သူက
အမှန်တကယ်ကို ဖြစ်လာခဲ့ပြီ။
သေချာပါတယ် စိတ်ထဲက ထင်ခဲ့ပေမယ့်
Ohmစိတ်ထဲမှာတော့ မဖြစ်စေချင်ခဲ့မှာ ကျိန်းသေသည်။

စိတ်ရော လူရော ပင်ပန်းနေလောက်တယ်
ဒီရက်ပိုင်း မျက်နှာပါ သိသိသာသာ ချောက်ကျနေတယ်။

ပြန်လာပြီးထဲက ရေချိုး အဝတ်စားလဲပြီး မီးဖိုခန်းထဲ ဝင်သွားတယ်
အရက်ပုလင်းနဲ့ ခွက်ယူပြီး ထမင်းစားပွဲမှာ ထိုင်နေလေသည်။

ကျတော် သူ့အနားကို သွားရပ်လိုက်ပြီး
" တစ်ယောက်ထဲ သောက်‌မလို့လား"

" Non ရော သောက်ဦးမလို့လား"

"စိတ်ညစ်နေတာလား
ဒီလူဆိုတာ ငါတို့‌တွေ ကြိုတွက်ထားခဲ့ပြီးသားပဲလေ"

"အင်း ဟုတ်ပါတယ်
ဒါပေမယ့် ကိုယ်က လူရင်း တစ်ယောက်လို ဆွေမျိုးလို ခင်ခဲ့တာ
သူကတော့ ကိုယ့်ကို ရန်သူလို သဘောထားခဲ့တယ် "

ကျတော် ခုံမှာထိုင်နေတဲ့ Ohmပုခုံးပေါ် လက်တင်လိုက်ပြီး
နှစ်သိမ့်ပေးလိုက်တယ်
Ohmက မက်တပ်ရပ်နေတဲ့ ကျတော်ခါးကို ဖက်ပြီး မှီလာခဲ့တယ်။

" သိလား ကိုယ့်ကို တခြားနေရာကို ပို့ပြီး အစဖျောက်ဖို့လား ရောင်းစားဖို့လား လုပ်တဲ့သူကလည်း သူဘေးနားက
သူ့တပည့် ဖြစ်နေတယ်
အစက ခန့်မှန်းမိတာပဲရှိတာ
ခုကတော့ သူဆိုတာ ကျိန်းသေသွားပြီ
သူကြောင့်ပဲ Non နဲ့ ကိုယ်နဲ့ ခွဲခဲ့ရတာ
သူ့ကို လုံးဝ ခွှင့်မလွှတ်ဖူး နည်းနည်းမှ သူလုပ်ခဲ့တဲ့အတိုင်းပြန်ခံစေရမယ် "

Ohmပြောပြပြီး ငိုနေတာလားတော့ မသိ

ကျတော် Ohmရဲ့ ခေါင်းကို ရင်ခွင်ထဲ ထည့်ထားပြီး ဖက်ထားလိုက်ကာ

"အစစအရာရာ သတိထားပြီး လုပ်ဦး
သူက ဒီလောက်ထိတောင် လုပ်ခဲ့တာဆိုတော့
ဘာတွေ လုပ်ဦးမလဲ မသိနိုင်ဘူး
ငါမင်းကို စိတ်ပူတယ်"

"တရားဥပဒေနဲ့အညီ လုပ်ဖို့ အားလုံးစီစဉ်ပြီးပြီ သိလား
Non အရမ်း စိတ်မပူနေနဲ့နော်"

1.Don't Forget Me (Complete)Where stories live. Discover now