Part-9 (Unicode ± Zawgyi)

984 77 6
                                    

Don't Forget Me 💚❤️

Unicode
Part - 9

ပြောင်လဲသွားတဲ့နောက်နေ့ မနက်ခင်းမှာတော့
အရာရာဟာ တောက်ပနေသလိုပါပဲ။

Ohm လည်း အဖျားကျသွားပြီ။ သို့ပေမယ့် သူကို ဒီနေ့တော့ အိမ်မှာပဲ နားခိုင်းထားကာ ကျတော်လည်း ခဏ တဖြုတ်လောက် ဆိုင်းသွားလိုက်သည်။ ပြန်လာတော့ အမေက Ohm အတွက် ဆန်ပြုတ် လုပ်ပေးပြီး ထည့်ပေးလိုက်သည်။

အိမ်ပြန်ရောက်တော့ Ohm က TV ရှေ့မှာ

" ဘယ်လိုလဲ နေရတာ သက်သာရဲ့လား
အိပ်မနေဘဲ အောက်ဆင်းပြီး ဘာလုပ်နေတာလဲ"

"အိပ်နေရတာ ညောင်းတောင်လာပြီ
တစ်ယောက်ထဲပျင်းတာနဲ့ TVလာကြည့်နေတာ
ဒါနဲ့ ကိုယ့်ချစ်သူလေးကလည်း သွားလိုက်တာ မပေါ်လာတော့ဖူးနော်"

" ဘာ ကိုယ့် ချစ်သူလေးလဲ .... "

"မဟုတ်လို့လားးးးး"

" တော်ပြီ တော်ပြီ ဆန်ပြုတ် ယူခဲ့မယ် Mae ကိုယ်တိုင်ပြုတ်ပေးလိုက်တာ"
" ဟုတ်ပါပြီဗျ ကိုယ့် ချစ်သူလေးက ရှက်သွားတာပဲ"

" ဟျောင့် Ohm"

" ခပ် 55555"

ဟုတ်ပါတယ် တစ်ယောက်နဲ့ တစ်ယောက် သဘောကျတာ မှန်ပေမယ့်
ဒီလို ပြောတာတွေကတော့ တကယ် အသားမကျသေးပါဖူးး
နဂိုထဲက အရမ်းစတတ်တဲ့ Ohm နဲ့တော့ ဟုတ်နေပါပြီ။

ဆန်ပြုတ်ယူသွားပေးတော့လည်း ကိုယ်တိုင်မသောက် တိုက်တဲ့

" ခြေထောက်ထိတာလေ လက်တွေ အကောင်းကြီးကို"

" လက်တွေကပါ အကြောကပ်သွားလို့ "

" ဟင်းးး ဖြစ်ရမယ်"

မနိုင်ပါဖူး ခွံမှ မကျွေးရင်လည်း ပြီးမှာ မဟုတ်တာမို့....

နောက်ရက်ပိုင်း Ohm လည်း နေကောင်းသွားပြီမို့ အရင်လို အတူတူ ဆိုင်ပြန်ဆင်းကြသည်။
ဆိုင်ကယ်‌ပေါ်တက်တော့ Ohmအတင်း ကျတော့်လက်ကို ဆွဲပြီး သူခါးကို ဖက်လို့ အချိန်ခန ရန်ဖြစ်နေခဲ့ရသေးသည်။
နောက်ဆုံးတော့လည်း ဖက်လိုက်သွားခဲ့ရပါတယ်။🤧

ချစ်သူတွေ မဖြစ်ခင်ထဲကလည်း အမြဲ တတွဲတွဲ
ခု ချစ်သူတွေဖြစ်သွားကြတော့ ပိုဆိုးတာပေါ့ (တစ်ကဲကဲပါဖြစ်တာပေါ့ 🤭)

1.Don't Forget Me (Complete)Where stories live. Discover now